တစ်ရက်
စာသင်ခန်းတွင် ကလေးများစာသင်နေခိုက်..
`
ဆရာ… ကျောင်းအုပ်ဆရာမကြီးက ခဏ သူ့ရုံးခန်းလာခဲ့ပါ..တဲ.. ´
ခလေးများကို
လေ့ကျင့်ခန်း တွက်ခိုင်းထားလိုက်ပြီး ကျောင်းရုံးခန်းသို့ သွားလိုက်သည်။
`
ဆရာ.. ဒီကိစ္စ ဘယ်လိုဖြစ်ရတာလဲ.. ဆရာ.. ´
Report
Card တစ်ခုကို ဆရာမကြီးက ချပြလိုက်
သည်။
တစ်ခြားမဟုတ်ပါ.. ကလေးများ၏ Report
Card တွင် ထည့်သွင်းထားသည့် အမှတ်များ တွင် တစ်ရာကျော် အမှတ်များ ပါဝင်နေခြင်း
ဖြစ်ပါသည်။
`
ဆရာ… ကျွန်မ ကို အလုပ်ပြုတ်အောင် လုပ်နေတာလား ဆရာ.. မကျေနပ်တာရှိရင် ကျွန်မကို ပွင့်ပွင့် လင်းလင်း
ပြောပါ.. ခုတော့ ဒီလိုမျိုးလုပ်တာ.. … ´
`
ဟာ… အဲလိုမျိုး မဟုတ်ပါဘူး.. ဆရာမကြီးရယ်… ဆရာမကြီးကိုလည်း ဘာမှ မကျေနပ်စရာ
မရှိပါဘူး.. ဖြစ်တာက ဒီလိုပါ…. ´
မောင်ဘချစ် အကြောင်းစုံ
ရှင်းပြလိုက်သည်။ သူ့စိတ်ထဲ မကျေနပ်ချက်လေးကိုတော့ ဆရာ ဆရာမတွေလည်း မတတ် နိုင်သည့် အတူ မို့
ဖွင့်မပြောတော့ပါ.. ။ ကလေးတွေကိုအပေါ်သာ အပြစ်ပုံချလိုက်မိပါသည်။
`
ဘာဖြစ်လို့ ကလေးတွေကို ဒီလောက် အလိုလိုက်ရတာလဲ.. ဆရာရယ်… ´
`
အမှန်ပြောရရင်တော့.. ကျွန်တော်.. အဖြေလွှာ စစ်ရတာတွေ.. ပျင်းတယ်ဆရာမကြီး..
မမှန်ပဲနဲ့ လည်း အမှန်ချစ် မပေးချင်ဘူး.. ။ ကျောင်းပြင်ပ အလုပ်တွေကလည်း
နေ့တိုင်းပဲ.. ကျောင်းပိတ်ရက်လည်း သင်တန်းတွေတက်.. မအားတော့ ကျွန်တော်လဲ
မစစ်နိုင်တော့ဘူး.. အဲဒါ အဓိကပဲဗျာ.. ဆရာမကြီးကို မကျေနပ်လို့ လုပ်တာ မဟုတ်ပါဘူး.´
`
အင်း… ဒီလို ပွင့်ပွင့်လင်းလင်းပြောတော့လည်း တစ်ခုခုတော့ စီစဉ်ကြတာပေါ့ ဆရာ… ´
ထိုနေ့မှ
စပြီး မောင်ဘချစ်တစ်ယောက်.. စာသင်ကြားခြင်းအလုပ်မှ အငြိမ်းစားရကာ ကျောင်းပြာတာ
တစ်ယောက် ဖြစ်မှန်း မသိ ဖြစ်သွားခဲ့ရပါသည်။ ကျောင်း၏ ပြင်ပနှင့် ဝေယျာစ္စ အားလုံး..
မောင်ဘချစ်၏ ပုခုံးပေါ် ကျရောက်သွားပါတော့သည်။ မောင်ဘချစ် ကျေနပ်ပါသည်။ စာမစစ်ရသဖြင့်
ပျော်ပါသည်.။ စာစစ်ရမှာ ပျင်းသည့် အတွက် မဟုတ်ပါ… ။မောင်ဘချစ်စိတ်ထဲ… ဒါကိုသင်
ဒီလိုမေး ဒီလိုပေး ဆိုပြီး ပေတံတစ်ခုဖြင့် တိုင်းတာ သတ်မှတ် ပြီး ကလေးများ တော်၏
ညံ့၏ ဟု ဆုံးဖြတ်ခြင်းကို စိတ်ထဲ သဘောမကျလှပါ..။ သချာင်္ ၁၀၂ မှတ် ပေးခဲ့ခြင်းအပေါ်
သူရရှိခဲ့သည့် ဂုဏ်ပုဒ် တစ်ခုကိုတော့ ` ဦးဏှောက်´ တဲ့…။ သူ့ ကွယ်ရာမှာ သူ့ကို မကြားတစ်ကြား
ခေါ်ခဲ့ကြပါသည် ။
မောင်ဘချစ် အိမ်ပြန်ရောက်တော့
ခုတင်ပေါ် ပက်လက်လှန် နှဖူးပေါ် လက်တင်ကာ စဉ်းစားနေမိသည်။ မနှစ်က စတုတ္တတန်း အဖြေလွှာ
စစ်ဆေးရာသို့ မောင်ဘချစ် လိုက်ပါခဲ့ရသည်။(ထိုအချိန်ကမြို့နယ်အဆင့်
စုပေါင်းစစ်ဆေးမှု့ ပြုလုပ်ပါသည်) မြိ့ပေါ် အထက်တန်းကျောင်းတွင် သွားကာ
ကျောင်းပေါင်းစုံမှ ရောက်လာသောအဖြေလွှာများကို ဘာသာ ရပ်အလိုက် အဖွဲ့ များခွဲကာ
စစ်ဆေးရပါသည်။
*********************
မောင်ဘချစ်.. သမိုင်းဘာသာရပ်အဖွဲ့တွင်
ပါဝင်စစ်ဆေးရပါသည်။ သိပ် မခက်ခဲလှပါ.. မေးခွန်းနံပါတ်စဉ် အလိုက် သည်အချက်ပါလျှင် ၁
မှတ် သည်အချက်ပါလျှင် ၂ မှတ်.. စသည်ဖြင့် အမှတ်ပေး စည်းမျဉ်းကို ချပေးထားပါသည်။
ထိုစဉ်က မောင်ဘချစ်.. တစ်သွေမတိမ်း လိုက်နာခဲ့ပါသည်။
မောင်ဘချစ်တို့လို
ဆရာငယ်လေးများ စစ်ဆေးပြီးလျှင် အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်သော
ကျောင်းအုပ်တစ်ယောက်က ထပ်မံစစ်ဆေး အတည်ပြုကာ အမှတ်စာရင်းသွင်းပါသည်။ ဆရာကြီးက
စစ်ဆေးထားသည့် အဖြေလွှာ အောက်မှ ထိုးထားသော လက်မှတ်ကိုကြည့်ကာ မောင်ဘချစ်ကို
လှမ်းခေါ်လိုက်ပါသည်။
`
ဆရာ.. ဒီကလေးရဲ့ အဖြေလွာလေး.. ပြန်စစ်ပေးပါလား ဆရာ.. ဆရာပေးထားတဲ့ အမှတ်က ၂ မှတ်
ထဲ ဖြစ်နေလို့… ။ သူရေးထားတဲ့ စာတွေက တော်တော် လေးများပါတယ်… ´ ထိုအဖြေလွာကို မောင်ဘချစ် ကောင်းကောင်
မှတ်မိပါသည်။ သို့သော်.. လေးစားသမှုဖြင့် ပြန်စစ်ချင်ယောင် ဆောင်လိုက်ကာ..
ဒါပဲ..ပေးလို့ ရမှာပါ ဆရာကြီး .. အဖြေလွှာကို
ဆရာကြီး သေချာ ဖတ်ကြည့်ပါဦး.. ´
ဆရာကြီး က အဖြေလွှာကို ဖတ်ကြည့်လိုက်သည်။
တစ်ဝက်လောက်သာ ဖတ်ပြီး မျက်ရည်များထွက်သည်ထိ ရယ်ပါတော့သည်။ မောင်ဘချစ် မရယ်
မောခဲ့ပါ.. ။
`
ကဲ .. ဟုတ်ပါပြီဗျာ.. ထားလိုက်ပါတော့.. ဒီတော့ ဒီကလေးရဲ့ ခုံနံပါတ်ကို ဆရာမှတ်သွားပြီး
တစ်ခြားခန်း တွေမှာ သွားပြီး မသိမသာ စုံစမ်းပေးပါ ဆရာ.. ဒီကလေးဟာ သမိုင်းဘာသာ
တစ်ခုထဲနဲ့ စာမေးပွဲကျသွားမှာကို တော့ ကျွန်တော် မဖြစ်စေချင်ဘူး… ´
` ဟုတ်ကဲ့ ပါ.. ဆရာကြီး…´
အထက်ဖော်ပြပါ
ကလေး (ခုံအမှတ် ၁၄၇ )ဖြေဆိုထားသော အဖြေလွှာများ ကို ပြန်လည် ဖော်ပြရလျှင်…
သမိုင်းဘာသာရပ်
အဖြေလွှာ..
မေးခွန်းနံပါတ်
၁။ မီးပုံးပျံ ဦးကျော်ရင်သည် မီးပုံးပျံကို သက်စွန့်ဆံဖျား အကြိမ်မည်မျှ
စီးပြခဲ့သနည်း။
အဖြေ မီးပုံပျံ ဦးကျော်ရင် သည်
မီးပုံပျံကို သက်စွန့်ဆံဖျား အကြိမ်မည်မျှ စီးပြလိုက်ပါသည်။
မေးခွန်း။ ဗိုလ်မင်းရောင်သည် နယ်ချဲ့
အင်္ဂလိပ်တို့အား မည်သို့ တွန်းလှန် တိုက်ခိုက်ခဲ့သနည်း။
ဖြေ ။ ဗိုလ်မင်းရောင်သည်
နယ်ချဲ့အင်္ဂလိပ်တို့အား မည်သို့ တွန်းလှန် တိုက်ခိုက်လိုက်ပါသည်။
မေခွန်း ဆရာတော် ဦးဥတ္တမ ၏ နိုင်ငံရေး
ဆောင်ရွက်ချက်များကို ဖော်ပြပါ။
ဖြေ ဆရာတော် ဦးဥတ္တမ ၏ နိုင်ငံရေး
ဆောင်ရွက်ချက်များကို ဖော်ပြလိုက်ပါသည်။
မေးခွန်း ` အောင်မြေနင်းပွဲ ´ မှ
ဗိုလ်ချုပ်အောင်ဆန်း၏ တပ်ထွက်မိန့်ခွန်းကို ဖော်ပြပါ။
ဖြေ အောင်မြေနင်းပွဲ မှ
ဗိုလ်ချုပ်အောင်ဆန်း၏ တပ်ထွက်မိန့်ခွန်းမှာ..
` ရဲဘော်တို့…
အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်တော့ဘူး…..။ အဲဒါပဲ .. ´ ဖြစ်ပါသည်။
(မှတ်ချက်။
ကျန်မေးခွန်းများအားလုံးကိုလည်း ပြန်လည်ကူးကာ နောက်ဆုံးတွင်မှ ` သနည်း ´ကို `သည်´ ဟု
ပြောင်းလဲ ကာ ဖြေဆိုထားပါသည်။)
ဆရာဘချစ်
တစ်ယောက် မြန်မာစာ စစ်ဆေးသည့်အခန်းတွင် အကျိုးသင့် အကြောင်းသင့် ပြောပြကာ
အကူအညီတောင်းခံလိုက်သည်။ ထိုခုံနံပါတ်၏ အဖြေလွှာကို မောင်ဘချစ်ကြည့်ရှု့ခဲ့ရပါသည်။
မေးခွန်း
။ သုဝဏ္ဏသာမ အကြောင်းကို
သင်သိသလောက် ရေးသားဖော်ပြပါ။
ဖြေ ။ ကျွန်မ
နှင့် သုဝဏ္ဏသာမ တို့ မသိပါ…။
မေးခွန်း
။ မြေအိုး အကြောင်း
တစ်မျက်နှာခန့် စာစီကုံး ရေးသားပါ။
အဖြေ ။ ` မြေအိုး´
မြေအိုး၊ မြေအိုး မြေအိုး
မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး
မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး
မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး
မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး
မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး
မြေအိုး မြေအိုး မြေအိုး မြေအိုး မြေအိုး
……………………………….
( မှတ်ချက်။ စာမျက်နှာ တစ်မျက်နှာ ပြည့်အောင် မြေအိုး
ကို ရေးထားပါသည်။)
အင်္ဂလိပ်စာ
အဖြေအလွှာတွင်လည်း….
ကွက်လပ်
တိုင်းတွင်… ဖြေထားသည့် စကားလုံးမှာ တစ်လုံးတည်းဖြစ်ပါသည်။ ထိုတစ်လုံးမှာ…
` the ´
ဆိုသည့် စာလုံး တစ်လုံးသာ ဖြစ်ပါသည်။
သခ်ာၤ
မေးခွန်းအဖြေလွှာတွင်လည်း
ကွက်လပ်တိုင်း
ကွက်လပ်တိုင်း ဖြေထားသည့် အဖြေမှာ..
၀၁၂၃၄၅၆၇၈၉
ကို ကွက်လပ်ထဲ ဆန့်သလောက် ချရေးထားပါသည်။ နောက်ဆုံး မေးခွန်းပြီးသဖြင့် ပိတ်ထားသော
မျဉ်းကိုပါ ကွက်လပ် ထင်ပြီး ၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉ …… ဆိုပြီး ဆန့်သလောက်
ရေးထည့် ထားပါသည်။
ပထ၀ီဝင်
အဖြေလွှာ.. ကိုလည်းကြည့်ပါ…
မေးခွန်း
။ မြန်မာနိုင်ငံ၏ သစ်တောထွက်ပစ္စည်း များကို
ဖော်ပြပါ..။
ဖြေ ။ မြန်မာနိုင်ငံ၏ သစ်တောထွက်ပစ္စည်းများမှာ
ဆူးပုတ်ရွက် ၊ မန်ကျည်း ရွက်တို့ ဖြစ်ပါသည်။
မောင်ဘချစ်
အထွေထွေသိပ္ပံ အဖြေလွှာကိုတော့ သွားမကြည့်တော့ပါ…. ။
မြန်မာနိုင်ငံ၏
တွင်းထွက်ပစ္စည်းများ ကို မြွေ ၊ ကြွက် ၊ ပုဇွန်လုံး… ဟု ပင် ဖြေထားမည် ထင်ပါသည်။
*********************
မောင်ဘချစ်
အိပ်ရာပေါ်မှနေ၍ စဉ်းစားခန်းကို ဖြတ်ကာ
သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိပါတော့သည်။
နောက်ရက်မှ
စ၍ မောင်ဘချစ်တစ်ယောက် စာသင်ကြားမှု့ကို ပင်တိုင်သင်ကြားခွင့်မရတော့ပဲ..
ဖွံ့ဖြိုးရေး အချိန်များ.. ဗိုက်ခွင့် ယူထားသည့် ဆရာများ၏ အတန်း အစားထိုး ၀င်ရောက်
သင်ကြားရခြင်းများနှင့် ကာယချိန်များ ကိုသာ ၀င်ရောက် သင်ကြားခဲ့ရပါသည်။ သို့သော်..
မောင်ဘချစ် ပျော်ပါသည်။ မိုးရွာ၍ ဆရာဆရာများ ကျောင်းမလာလျှင် ကလေးများကို ထိုနေ့ တစ်နေ့လုံး
စာကို တစ်ဝကြီး သင်ပေးခွင့် ရပါသည်။ ခါတိုင်း မိုးရွာလျှင် ကျောင်းမလာသောကလေးများ
ယခု မိုးရွာ လျှင် စောစောပင် ရောက်နေကြတော့သည်။
မိုးရွာသော
တစ်နေ့က ကျောင်းအုပ်ဆရာမကြီး တစ်ယောက်နှင့် သူတစ်ယောက် နှစ်ယောက်တည်းသာ
ကျောင်းတက်ခဲ့ကြပါသည်။ ကလေးများက တော့ တစ်ဝက်ကျော်ကျော် လောက်
အတန်းတိုင်းရှိနေကြပါသည်။
ဆရာမကြီးက
စတုတ္တတန်းကို ၀င်ရောက် သင်ကြားနေစဉ် မောင်ဘချစ်က ပထမတန်း ဒုတိယတန်း တတိယတန်း ကို
တစ်လှည့်စီ ၀င်ရောက် သင်ကြားနေပါသည်။ ဒုတိယတန်းကို သင်ကြားနေတုံး.. တတိယတန်းမှ
မောင်ပြာလောင် ကို ပထမတန်း မှ ကလေးများအား
စာချခိုင်းထားခဲ့သည်။ ဒုတိယတန်းကို စာသင်နေစဉ်.. ပထမတန်းဘက်မှ.. စာချသံများ
ထွက်ပေါ် လာသည်။
` a n t အန့်
ပရွက်ဆိတ် ´
`
a n t အန့် ပရွက်ဆိတ် ´
`
a p p l e အဲပဲလ်.. ပန်းသီး ´
` a p p l e အဲပဲလ်.. ပန်းသီး ´
`
b o o k ဘွတ်ခ် စာအုပ် ´
`
b o o k ဘွတ်ခ် စာအုပ် ´
` c a t ကြောင် … ကက်.. ´
……………………..
ကလေးများ က လိုက်မဆိုကြတော့ပါ… ။
ဆိုကြလေကွာ…
`
c a t ကြောင် … ကက်.. ´
…………………
ကလေးများက
လိုက်မဆိုကြပါ..။ မောင်ပြာလောင် ဒုက္ခရောက်နေသည်။
`
ဆရာမပြောတာ.. အဲလိုမဟုတ်ဘူး..ကွ.. ´
မောင်ပြာလောင် စဉ်းစားနေသည်။ c a t ဆိုတာ ကြောင်ပဲ.. မှန်ပါတယ်.. ကက်လို့
ခေါ်တာပဲ..
`
ဟုတ်ပါတယ်.. လိုက်ဆိုကြကွာ.. c a t ကြောင်.. ကက်.. ´
`
မဟုတ်ဘူး.. ဘယ်လိုကြီးလဲ မသိဘူ… တော်ပီ.. ဆိုဝူးးးးးးးးး..´
မောင်ပြာလောင်ကလေး
ဆရာမောင်ဘချစ်ကို လာတိုင်သည်။
`
မင်း ဆိုတာက ပြောင်းပြန်ဖြစ်နေတာကွ…
အမှန်က c a t ကက် .. ကြောင် …လေ..
´
`
အော်… ဟုတ်ပြီ.. ဟုတ်ပြီ.. မေ့သွားလို့ ပါ.. ဆရာ… ´
စာသင်ရတာ
မောင်ဘချစ် တော်တော့်ကို ပျော်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ