မောင်ဘချစ်
အိပ်ရာပေါ် ပက်လက်လှန် နှဖူးပေါ်လက်တင်ရင်း စဉ်းစားနေမိသည်။ ယခု ကျောင်းမှာ ပြဿနာ
များက တစ်ခုပြီး တစ်ခု.. တစ်ပူပေါ် နှစ်ပူဆင့် ဆိုတာ ဒါမျိုးနေမှာ. မောင်ဘချစ်
ဒီအတိုင်းနေလို့ ကတော့မဖြစ်တော့ပါ။ ပြဿနာ တစ်ခု ရှင်းလို့မှ မပြီးသေး နောက်ပြဿနာ
တစ်ခုက ပေါ်လာတော့သည်။ ဒဿမတန်း E ခန်းထဲမှ အတန်းပိုင် ဆရာမ ဒေါ်မေကြည် ၏
ကုလားထိုင်ပေါ်တွင် ဘယ်ကျောင်းသားက အီးပါချထားခဲ့မှန်း မသိ.. ။ ပြဿနာက ရုံးခန်း
ရောက်နေ
သည်။ ထို့နောက် ကျောင်း အုတ်နံရံများတွင် ကွမ်းသွေးများ စည်းကမ်းမဲ့စွာ
ထွေးထားခြင်း ကို ကျောင်း စည်းကမ်း ထိမ်းသိမ်းရေးအဖွဲ့မှ နောင် မဖြစ်အောင်
ဆောင်ရွက်ပေးဖို့… စသည် စသည်ဖြင့်..
`ဟင်းးးးးးးးးးးးးးး
…. ´ မောင်ဘချစ် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိပါသည်။
*********************
`မောင်ဘဂျမ်း
.. ´
`
ဗျာ… ဆရာ.. ´
`မင်းကို
ဆရာ. စုံစမ်းခိုင်းထားတာ.. အခြေနေ ဘယ်လိုလဲကွ.. ´
`သူတို့က
ခု ကျွန်တော့်ကို သိပ်မရောတော့ဘူး.. ဗျ.. ပျားအုံကိစ္စ ကိုကျွန်တော်က ဖော်တယ်
ထင်နေတာ´
`ဒီကောင်တွေ..
အဲဒါကို သိသွားပြီပေါ့..´
`သိသွားကြပြီ.. ဆရာ.. နောက်ပြီး ခု..
ကျွန်တော့်ကို A ခန်းထဲက ယုယုနွယ် ကို စာပေးခိုင်းထားတယ်.. အဲဒါ ပေးပေးလို့
ရှိရင်.. ကျွန်တော့်ကို သူတို့က ပေါင်းမယ်.. ပေးမပေးခဲ့ရင်.. သူတို့ဆီ မလာနဲ့ တော့လို့
ပြောတယ်´
` အဲဒါ ပေးလိုက်ပြီလား.. ´
` အာ… မပေးရဲ ပါဘူး .. သူက
ဆရာတွေတိုင်မှ.. ပြဿနာ.. ၉ တန်း ၁၀ တန်း ဆို ပေးရဲတယ်.. သူတို့ က မတိုင်ဘူး ဗျ.. ´
`
ဟ… သိလှချည်လား.. သူတို့က ဘာဖြစ်လို့ ဆရာတွေ မတိုင်တာလဲ.. ´
`
သိပါဘူးဗျာ.. ရှက်လို့ နေမှာပေါ့ ဆရာကလဲ.. ´
မောင်ဘဂျမ်း
လည်ပုံက တော့ ကျောင်းစာမှာ ဆိုရင် ဘယ်လောက်ကောင်းမလဲ… ။ခုတော့ သူ့ဝါသနာက
ဒီလိုမဟုတ် ။ အောင်သွယ်ချင်စိတ်က အတော်များပုံ ရသည်။ အောင်သွယ်စရာမရှိလျှင်
တောင်ဘက်အိမ်က ကြက်ဖနှင့် မြောက်ဖက် အိမ်က ဘဲမ ကိုပင် အောင်သွယ်ပေးသူ…။
`ကဲ.. ပေးစမ်း.. အဲဒီစာ.. ´
မောင်ဘဂျမ်း..
စာအုပ်ကြားညှပ်ထားသည့် စာအိတ်လှလှလေး တစ်ခု ထုတ်ပေးလိုက်သည်။ မောင်ဘချစ်
ဖွင့်ဖတ်ကြည့် သည်။
`
ညီမလေး နွယ်..
ညီမလေးဟာ အစ်ကို့
ရင်ထဲက တစ်ပင်ထဲ.. ရင်ထဲကနွယ်ပါ..
ညီမလေးဟာ အစ်ကို့ကို
ဘယ်လောက်များ စိုးမိုးနေလဲ ဆိုရင်..
အစ်ကို့ ရင်ကို ခွဲကြည့်လိုက်ရင်.. နှလုံးသား
တစ်ခုလုံး.. ညီမ ပုံရိပ်တွေချည်းပဲ နေမှာ..
အစ်ကို့မှာလေ.. ညီမလေးကို မြင်လိုက်ရတဲ့နေ့က
စပြီး
စားလဲ သည်စိတ်.. သွားလဲ.. သည်စိတ်ပါပဲ
ညီမလေးရယ်..
ညီမလေး..
အစ်ကို့ရဲ့ အချစ်ကိုတော့
မငြင်းပယ်လိုက်ပါနဲ့နော်..
တစ်ဖက်သတ် ချစ်နေရတဲ့ အချစ်နဲ့ အစ်ကို ဆက်လက်
မြိုသိပ်နိုင်စွမ်း မရှိလို့
ညီမလေးကို ဒီစာလေးနဲ့ ဖွင့်ဟ ပြောလိုက်ရတာပါ..
အစ်ကို့ကို တစ်စုံတစ်ရာလေး တော့
အကြောင်းပြန်ပါနော်..
ညီမရဲ့ တုန့်ပြန် အချစ်ကို ထာဝရ မျော်နေမယ့် ..
အစ်ကို
သံချောင်း..
ဒဿမတန်း (E )
`ဟား….
ကျောင်းစာကိုသာ ဒီလို လက်ရေးလှလှနဲ့ သတ်ပုံမှန်အောင် ရေးနိုင်ရင် ခုလို E ခန်းမှာ
နေရမှာ မဟုတ်ဘူး..´
`
အဲဒါ A ခန်းထဲက ကောင်လေးကို ရေးခိုင်းထားတာ.. သူရေးတာ မဟုတ်ဘူး.. ´
`
အော်. အော်.. ´
မောင်ဘချစ်
စာရွက်တစ်ခုကို ဆုတ်ဖြဲကာ စာ တစ်ကြောင်း နှစ်ကြောင်း ရေးလိုက်သည်။
အစ်ကို
သံချောင်း …
အစ်ကို့ကို
ညီမ..မမုန်းပါဘူး..
ဒါပေမဲ့
နောက်မှ အဖြေပေးမယ်နော်..
ဒီည.၁၀နာရီ.
ညီမတို့ အိမ်နားက တံတားပေါ်မှာ ဂစ်တာလာတီးလှဲ့
ဒါပဲ.. နော်…။
စာရွက်လေးကို
လှလှ ပပ ခေါက်ကာ ဘဂျမ်းကိုပေးလိုက်သည်။
`ညနေ ကျောင်းဆင်းပြီးကျောင်းထဲလူတစ်ယောက်မှ
မရှိတော့မှ ပေးလိုက်.. ဘယ်သူမှ မရိပ်မိစေနဲ့ ကြာလား ´
`
ဟုတ်.. ဆရာ.. ´
*********************
မောင်သံချောင်း
သိပ်ကြိုက်ဟန် မတူပါ.. ညနေ ၅ နာရီလောက်ကတည်းက တံတားပေါ်ရောက်နေသည်။ ဂစ်တာတော့
မပါသေး..။ နေရာဦးထားပုံရသည်။ ကျွန်တော်လည်းရေချိုး ထမင်းစား.. ပြီးတစ်ရေးတမော
အိပ်လိုက်သည်။ မောင်ဘချစ် အိမ်မက် များတောင် မက်နေလိုက်သေးသည်။ အိပ်မက်ထဲတွင်
မောင်ဘချစ် ပွဲကနေသည်။ မင်းသား တော့ မဟုတ်ပါ.. နှဲဆရာ.. မောင်ဘချစ် ဖြစ်ပါသည်။
မောင်ဘချစ်
တို့ ကလေးဘ၀က အော်ဂင်များ ခေတ်မစား သေးပါ..။ ထိုစဉ်က တီးဝိုင်းတစ်ခုဆိုလျှင် နှဲဆရာ အဓိက ကျပါသည်။ နှဲ ပါလျှင် ကျန်တာ က
လူခေါ်ရတာ လွယ်ပါသည်။ မောင်ဘချစ် က ထင်ပေါ်ချင် သဖြင့် နှဲမှုတ် ခြင်း အတတ်ပညာ ကို
ရွာမှ နှဲဆရာ ကိုမူ ထံတွင် တစ်လကျော်ကျော် သေချာ သင်ယူခဲ့ပါသည်။ အတော်လေး မှုတ်တတ်
လာတော့ ဆရာမူ ထံမှ နှဲကို ငှားပြီး မှုတ်ရသည်။ နှဲက ရွာမှာ ၀ယ်လို့မရ.. ။ ဘုရားပွဲ
ဈေးလည်း နှဲကို ရှာမတွေ့။ နောက် အငြိမ့်ပွဲတစ်ခု လာကတော့ နှဲဆရာဘေးထိုင် ငေးကာ
သူ့ထံမှ ပညာယူရင်း ဆေးလိပ် ၀ယ်ပေး အိမ်က မုံ့ယူပေးဖြင့် မောင်ဘချစ် အပြတ်ဖား
နေရသည်။ အငြိမ့်အဖွဲ့ပြန်တော့ မောင်ဘချစ်က တောင်းတောင်းပန်ပန်ဖြင့် နှဲတစ်လက်
ကိုရောင်းခဲ့ဖို့ ပြောသည်။
နှဲဆရာက
ငွေသုံးရာဖြင့် နှဲ ကိုရောင်းမည်ပြောတော့ မောင်ဘချစ် မှာ ငွေက သုံးရာမပြည့်
။တစ်ရာပြည့်အောင် ပင် မနည်း စုထားရသည်။ ဒါတောင် ဘုရားပွဲမှာ အကျီသစ် မ၀ယ်ဖြစ်လို့
ဒီလောက်စုမိတာ.. ။ နောက်ဆုံး မောင်ဘချစ် က အတင်းတောင်းတောင်းပန်ပန် ပြောတော့ နှဲ
ထိပ်မှ ကြေးဂေါ်လံ ကိုဖြုတ်ယူလိုက်ပြီး ကျန်သည့်အပိုင်းလေးကို တစ်ရာ နှင့်
ရောင်းလိုက်သည်။
`
ကဲ ကဲ.. ရော့ .. မင်းကလဲ တစ်ရာပဲ ရှိတာဆိုတော့ ဒီဟာပဲ ယူလိုက်.. ဒါတင်လဲ
မှုတ်ရပါတယ်.. ´
မောင်ဘချစ်လည်း
` အင်း အပေါ်က ဂေါ်လံက နောက်မှ ပိုက်ဆံ ရှိ ၀ယ်တတ်ရမှာပဲ.. လောလောဆယ် မှုတ်လို့ ရရင်
ပြီးတာပဲ ဆိုပြီး ၀ယ်ယူလိုက်တော့သည်။
ထို
နှဲ ငုတ်တို လေးဖြင့် မောင်ဘချစ် တောထဲ သွားသွားပြီး အမှုတ်လေ့ကျင့်ရသည်။ အိမ်တွင်
အမေက လာဘ်တိတ် တယ် ဆိုပြီး လုံးဝ မှုတ်ခွင့် မပေး.. ။ ဤသို့ဖြင့် ကျောင်းပိတ်ရက်များ
ဆရာမူ ထံတွင် သီချင်းများ တက်လိုက် တောထဲသွားကာ လေ့ကျင့်လိုက်ဖြင့် မောင်ဘချစ်
သီချင်းကြီး ငါးပုဒ်လောက် မှုတ်တတ်လာခဲ့ပါသည်။
မောင်ဘချစ်
နှဲလည်းအတော်မှုတ်တတ်ချိန် ပိုက်ဆံလည်း နှဲတစ်လက်ဖိုးလောက် စုမိချိန်တွင် ကံကြမ္မာ
ဖန်လာတော့သည်။ ရွာတွင် အော်ဂင်များ ခေတ်ထ စပြုလာသည်။ နောက် တစ်ဖြည်းဖြည်း ဆရာမူ ပါ
အလိုလို ပင်စင် ရသွားတော့သည်။
မောင်ဘချစ် ထိုနှဲ ငုတ်တိုလေးကို နောက်ထပ်
ဂေါ်လံပင် ၀ယ်မတတ်တော့ပဲ ထိုအတိုင်းပင် မြတ်မြတ် နိုးနိုး သိမ်းထားလိုက်ပါတော့သည်။
ဘယ်လောက် မြတ်နိုးလဲ ဆိုတော့ တက္ကသိုလ်တက်တော့လဲ ယူသွားသည်။ ညတိုင် အပျင်းပြေ
အဆောင်ရှေ့ မှုတ်သည်။ သူငယ်ချင်းများက ရယ်မောကြပါသည်။ သူငယ်ချင်းများထံမှ
ဂစ်တာတီးနည်း ကိုလည်း အနည်းငယ် တတ်မြောက်ခဲ့ပါသည်။ မောင်ဘချစ်က မြန်မာသံစဉ်
လိုင်းမို့ နောက်ပိုင်း ဂစ်တာကို ဖြစ်ဖြစ် မြောက်မြောက် မတီးဖြစ်တော့ပဲ
မယ်ဒလင်တီးခတ်နည်းဘက် ပိုမို လိုက်စားခဲ့ပါသည်။ မယ်ဒလင်ဖြင့် သီချင်းကြီး ၅
ပုဒ်လောက်ကို လည်း တီးတတ်ခဲ့ပါသည်။ နောက်ပိုင်း သိပ်မခက်ခဲတော့ပါ.. ပါးစပ်ထဲ
သီချင်းရလျှင် လက်က အလိုလို လိုက်ပါ တီးတတ် လာပါသည်။
ယခု
ထိုနှဲငုတ်တိုလေးကို မောင်ဘချစ် သေတ္တာထဲမှ ထုတ်ယူကာ သံချောင်းတို့ ရှိနေမည့်
တံတားဆီသို့ လျှာထိုးဦးထုတ်ကို ခပ်ငိုက်ငိုက်ဆောင်းကာ လျှောက်လာခဲ့သည်။ အချိန်က ည
ကိုးနာရီခွဲ… ။မောင်သံချောင်း ပေးထားသည့် ရည်းစားစာ ကိုလည်း လိုရ မည်ရ အိပ်ထောင်ထဲ
ထည့်လာခဲ့သည်။
သံချောင်းတို့ အဖွဲ့ ဂစ်တာတီးသံ မကြားရသေး..
။ မောင်ဘချစ်သူတို့ဆီလျှောက်လာတော့ အားလုံးငြိမ်သွားသည်။ ခပ်မှိန်မှိန်
အလင်းရောင်သာရှိသဖြင့် ဘယ်သူ ဘယ်ဝါ သိပုံမရ.. ။
` ကိုမင်းအောင် လား… ´
မောင်ဘချစ်
ဘာမှ မပြောပဲ.. သူတို့ ဘေး တံတားပေါ် ၀င်ထိုက်လိုက်ကာ ဦးထုပ်ကိုချွတ်လိုက်သည်။
` ဟာ.. ဆရာ.. ဘယ်သွားမလို့လဲ.. ´
`ဘယ်မှ
မသွားပါဘူးကွာ .. အိပ်မပျော်လို့ ထွက်လာတာပါ.. ´
`
ကျွန်တော် တို့လဲ.. ပျင်းတာနဲ့ ဂစ်တာတီးမလို့.. အဟီး.. ´
`
အင်း တီးလေ.. ဆရာလဲ.. ၀ါသနာပါတယ်.. နားထောင်မယ်.. ´
`
အဟဲ.. ဘယ်သူမှ ကောင်းကောင်း မတီးတတ်ဖူးဗျ.. ကိုမင်းအောင်ကိုခေါ်ထားတာ ခုထိ
မလာသေးဘူး.. ´
`ဆရာ
တီးတတ်ရင် .. တစ်ပုဒ်လောက်.. လုပ်စမ်းပါဆရာ..နော်..´
ကျွန်တော်
သံချောင်း လက်ထဲမှ ဂစ်တာကို လှမ်းယူလိုက်သည်။ ထို့နောက် အသံများ ညှိလိုက်သည်။
`
ဒင်…တင်… ဒင်..တင်.. ´` ဘော်.. တော်… ဘော်.. တော်.. ´ ` ဘူ… တူ.. ဘူ.. တူ.. ´
သံချောင်းတို့
အဖွဲ့ အထင်တကြီးဖြင့် မောင်ဘချစ်ကို ကြည့်နေကြသည်။
`ကိုင်း..
အလွမ်း အဆွေး လား.. အချစ် အမြူးလား.. အပြောင် အလှောင်လာ.. ပြော..´
`ဟာ..
အချစ်သီချင်းလေး လုပ်ပါ ဆရာ.. ကျွန်တော်တို့ ရည်းစားမှ မရှိသေးဘူး
မလွမ်းပါရစေနဲ့.. ´
`
ကိုင်း… ဒါဆို.. မဟာဆန်သူ သီချင်း.. ရလား .. ငါတီးမယ်.. မင်းတို့ ဆို.. ´
`
အကုန် မရဘူး.. ဆရာ.. ရမ်းဖြီး ရမှာ..
ဆရာပဲ.. ဆိုတီး လုပ်ပါ.. ´
`ကဲ..
ကဲ.. ကောင်းပြီ.. စမယ်.. ´ သီချင်းအတောလေးကိုရစ်သမ် နဲနဲခတ်ပြီး lead ကောက်ကာ
တောပေး လိုက်ရာ တစ်ဖွဲ့လုံး သဘောကျကာ လက်ခုတ်သံများ ထွက်ပေါ်လာသည်။
`
နှုတ်ဆက်ပြုံးနေ…… သူ ရှက်လို့ သွားအောင်… အခြား ဖက်လှည့်ကာ ..
ကျောခိုင်း..ပြေးတော့မယ်ပေါ့…
နေပါစေလေ…
မဟာဆန်သူရေ.. မတားနဲ့ တော့..
လက်နဲ့
ဆက်လို သူတွေ့ဖို့ခက်အောင် … ပြတင်းတံခါး ပိတ်ကာ ကြိတ်မှိတ် အိပ်တော့မယ်ပေါ့..
ပျော်ပါစေလေ.. မဟာာဆန်သူရေ…
အနားတိုးလှမ်းလို..
သူရပ်တံ့ သွားအောင်.. နောက်ဖက် မျက်နှာ ကျားကွက်ရွှေ့လိုက်တယ်ပေါ့… နေပါစေလေ..
မဟာဆန်သူရေ.. မတားနဲ့.. တော့..
လှသထက်
နုရင်.. သူ မင့် မို့ ပြုံးရင်.. အနီးက အလှတွေ ခေါင်းငုံ့ ထားကြမယ်ပေါ့.. မဟာဆန်သူရေ..
ဣနြေ္ဒရှင်ရေ.. မင်းအတွက်ပေါ့.. …
သီချင်း
ဆုံးသွားတော့ သံချောင်းတို့ အဖွဲ့ အလွန်သဘောကျကာ လက်ခုပ်သံများ တဖြောင်းဖြောင်း
ထွက်ပေါ်လာသည်။
`ဆရာ..
အရမ်းတော်တာပဲ ဗျာ.. ကျွန်တော်တို့ အဲလို တီးတတ်အောင် သင်ပေးပါလား ဆရာ.. ´
`အင်း..
စာမေးပွဲ တွေပြီးလို့ နွေကျောင်းပိတ်ရင်.. ဆရာ ရွာကိုမပြန်ဘူးလေ.. မင်းတို့ကို
သင်ပေးမယ်..´
`
တစ်ကယ်နော်.. ဆရာ… ´
`အင်း..
တစ်ကယ်ပေါ့ကွ.. ဒါပေမဲ့.. ဒါက သိပ်မကောင်းသေးဘူး.. နောက်တစ်ခါ နားထောင်.. ´
`
ဂစ်တာကို ကြိုးများပြောင်းကာ ညှိလိုက်သည်။ ထို့နောက် သုံးကွက်လောက်တွင်
ဝါးခြမ်းပြားဖြင့်ကပ်ကာကြိုးဖြင့် ပူးချည် လိုက်တော့ မယ်ဒလင် လိုဖြစ်သွားသည်။
ကျေးစေတမာန် အတောလေးကို တောကာ ကြိုးများညီမညီ စမ်းလိုက်သည်။
`
ဟာ… မိုက်လှချည်လား.. ဂစ်တာကလည်း ရှေးသီချင်း မြည်တယ်ဟ.. ´
`
ရှေး သီချင်း မဟုတ်ပါဘူးကွာ.. နားထောင်..
` စစ်သွေးတွေ…. က တဝေေ၀…… .. .. ချစ်ရေး…
ခက်ခက်… လူတွေ… ပူစေ….
နှင်းမှုန်ချွေ… လေပြေ .. သွေး.. ချိန်..မို့ ..
မယ့်တစ်ကိုယ် ချင်း…. မျှော်ရင်… မှာလေ…
ဖော်ရွေ..
ပျော်..နေ.. မေချစ်သူ.. တစ်ပါးပေမို့ .. ခွင့်လွှတ်ကာ.. ထား.. မတား..သင့်ပေ..
ချစ်အားတွေ… ..
….
…. … .. ..´
သီချင်း
ဆုံးသွားတော့ လက်ခုပ်သံများ စောစောက ထက် နှစ်ဆလောက် ပိုကျယ်လာသည်။
` ဟာ.. ဒါမှ.. ငါတို့ ဆရာ .. ဆရာ
ဘချစ်ကွ… ´
` နေဦး နောက်ထပ် ကျန်သေးတယ်.. ´
ခါးကြားတွင် ထိုးထားသော နှဲ ငုတ်တိုလေးကို
ထုတ်ကာ အသံစမ်းလိုက်သည်။ ထို့နောက် မာမာအေး ၏
`ကျွဲ မ´ သီချင်းနှင့် `အာယားမ´ သီချင်း တို့ကို မှုတ်ပြလိုက်သည်။
` ကျွန်မ ဓါတ်ပုံကို .. ပြရန်.. မလို.. ထမင်းအိုး ဖင်ကို ကြည့်တော်မူပါ အစ်ကို…. … .
……….
. .. ………… ………. ………..
……… ………. ….
…….. …..
အာယား..မလေး တေးသီချင်း ဖွဲ့လို့ ဆို.. လူကလေး.. ရွှေသွေး.. အို.. အေ.. အေ..
အို… ´
သီချင်းနှစ်ပုဒ်
ဆက်တိုက် မှုတ်လိုက်ရာ လက်ခုပ်သံများသာ မက ရယ်မောသံများပါ.. ဆူညံသွားတော့သည်။
`နောက်ထပ်
ကျန်သေးတယ်… ´
` ဆရာ.. တော်ပါတော့.. ဆရာ့ နှဲကို..
သိမ်းလိုက်ပါတော့ဆရာ.. ´
`ဟုတ်တယ်..ဆရာ.. ဒီည လေ.. သံချောင်း
ကောင်မလေးက ဒီနေရာကို ဂစ်တာ လာတီးခိုင်းတာ..
ဆရာ့နှဲသံကြီး ကြားပြီး.. အဟိ… ´
` ဟား.. ဟား.. ဟား.. . ကောင်မလေးက
တီးခိုင်းတာမဟုတ်ဘူး.. ငါက တီးခိုင်းတာ.. အဲဒီ ပြန်စာကို ငါရေးပေးလိုက်တာ..
မယုံရင် ဒီမှာကြည့်.. ဒါ ဘယ်သူ့စာလဲ ဆိုတာ.. ´
` ဟာ.. သံချောင်း.. မင်းစာက
ဒီရောက်နေပြီ.. ဟ´
` ဟင်… ဘယ်လိုဖြစ်တာလဲ..ဟ..´
` ကောင်မလေးက ငါ့ကို ဘဂျမ်းက
စာပေးတာဆိုပြီး လာတိုင်တာ.. ဖွင့်တောင် မဖွင့်ရသေးဘူး.. ငါဖွင့်ကြည့်တော့မှ..
မင်းမှန်းသိလို့ ဒီည ဒီမှာ ချိန်းလိုက်တာ.. ´
` ဟာ.. ရှက်စရာကောင်းလိုက်တာ.. ´
` ကဲပါ.. ခုမှ ရှက်မနေပါနဲ့ တော့..
ရှက်တတ်ရင် မပေးခင်က စဉ်းစား.. နောက်အဲလို မလုပ်နဲ့..
ကိုယ့်ကျောင်းသူ
ကျောင်းသားချင်း ညီ အစ်ကို မောင်နှစ်မ စိတ်ပဲ ထားရမယ် နော်… ´
`ဟုတ်ကဲ့ပါ..
ဆရာ.. ´
ထိုနေ့
ညက ညဉ့် တစ်ချက်တီးကျော်တော့မှ မောင်ဘချစ် သံချောင်းတို့ အဖွဲ့ကို အိမ်အထိ
လိုက်ပို့ပေး လိုက်သည်။ သူ့မိဘများက မအိပ်ပဲ စောင့်နေကြရှာသည်။
`
အော်.. ဆရာ.. လိုက်ပို့တာလား.. ကျေးဇူးတင်ပါတယ်..ဆရာ.. ဆရာ့ကို အလှူတစ်ခါတည်း
ဖိတ်ပါတယ်.. တပေါင်းလဆန်း.. ၃ ရက်နေ့ မှာ ကျုပ်တို့ အလှူကို ထမင်းစားကြွဖို့
ဖိတ်ပါတယ်ဆရာ.. ဆရာ ဆက်ဆက်လာခဲ့ပါနော်..´
`ဟုတ်..
ကျွန်တော်.. လာခဲ့ပါ့မယ်.. နောက်တစ်ပတ်ထဲမှာနော်… ´
`
ဟုတ်ပါတယ်.. ဆရာ.. ´
` ကဲ ကဲ.. မိုးချုပ်လှပြီ..
ကျွန်တော်.. ပြန်တော့မယ်..´
`ဟုတ်ကဲ့ ပါဆရာ.. ´
*********************
ရှေ့တစ်ပတ်ထဲ
ကျောင်းစစ်ဆေးရေး အဖွဲ့ လာမှာမို့ ဆရာမကြီးက လိုအပ်သည်များ ညွှန်ကြားနေသည်။
မောင်ဘချစ် တာဝန်က ကျောင်းကော်ရစ်တာတွင် ကွမ်းသွေးများ
စည်းကမ်းမဲ့စွာထွေးထားခြင်းကို ရှင်းလင်း သုတ်သင် ပေးရန်နှင့် နောင်မဖြစ်စေရန်
နှင့် ကျောင်းသားများကို ပြောပြဖို့… ။
မောင်ဘချစ်လည်း
အလုပ်ရှိလျှင် အချိန် ဆွဲမနေတတ်သဖြင့် ချက်ချင်းပင် ထုံးကို ရေနှင့်ဖျော်..
ထန်းပလတ် တစ်ခုကို တူနှင့်ထုကာ စုပ်တံအဖြစ်သုံးပြီး ကွမ်းသွေးကွက်များကို
ထုံးဖြင့် လိုက်သုတ်ကာ ဖျက်နေသည်။ မနေ တတ် သော ကျောင်းသားများက
ဝိုင်းကူလုပ်ပေးကြသည်။ ခဏကြာတော့ သံချောင်း တို့ အဖွဲ့ ရောက်လာပြီး..
ဝိုင်းကူလုပ်တာ ပြီးဆုံးသွားပါသည်။
`
အဲဒါ အဲဒီကောင်တွေ ပဲ ထွေးထားတာ ဆရာ.. ခုမှ ဆရာလုပ်နေတာမြင်လို့.. ၀င်လုပ်နေတာ.. ´
` အင်း.. ဆရာ သိပါတယ်.. ကွမ်းစား တာ
ဒီကောင်တွေ အဖွဲ့ ပဲ ရှိတာလေ.. ´
နောက်ပိုင်းတွင်
သံချောင်းတို့ အဖွဲ့ မောင်ဘချစ်ကို အတော်ခင်မင်သွားကာ ကျောင်းအလုပ်များကို
ဝိုင်းကူ လုပ်ဆောင်ပေးကြပါသည်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ