“ ခင်ပျိုနှမ ခွင့်လွှတ်ဖို့… ”



အလျှံဝင်းဝင်း ပူရှိန်ပြင်းနှင့်

နေမင်းရယ်မိုက် ပူပြင်းလှိုက်ချုံ

ဘ၀မုန်တိုင်း သောကလှိုင်းနဲ့

ခြုံသိုင်းရစ်ငုံ ကိုယ့်သိုက်မြုံဝယ်

ချစ်သူရွယ်ကိုး ချစ်စပျိုးကြင်

ချစ်သူခင်ကို ကိုယ့်ရင်ခွင်ဝယ်

ခင်တွယ်ပါလျှက် မခေါ်ရက်။

 
ကြင်နာပိုချင် သူဇာခင်က

သူ့ရင်ခွင်တွင် ပူပင်လှိုက်မော

ရမ္မက်ဇောဖြင့် ဆင်ခြင်မှုကင်း

ခိုဝင်နှောချင် သူ့စိတ်စဉ်.. ။


ရင်မှာမြိုသိပ် ကြိတ်မှိတ်ထားရ

ခံစားစိတ်စဉ် သက်ထားခင်ကို

ကိုယ့်ရင်ခွင်တွင်း ကြည်နူးခြင်းပေး

ပျံ့သင်းအေးမြ ရနံ့လှဖြင့်

ကျနခိုဝင်  ဖြစ်စေချင်ခဲ့

ကိုယ့်သံယောဇဉ် စိတ်အစဉ်ကို

ခင်ခင်နှမ သိစေတော့။


ချစ်လို့ဖြစ်သွား အပြစ်များကို

သက်ထားပျိုနွဲ့ ပြုံးတုံးလှဲ့နှင့်

ချစ်ခဲ့ရှည်ကြာ ရက်များစွာကို

ညှာတာထောက်ထား ခင်သနားပါ

ချစ်အားပိုပို ပြစ်မဆိုပဲ

ကိုယ့်ရင်ထဲဝယ် မှီခိုလှိုက်မော

ချစ်ဇောတွေကြွယ်  ချစ်မာန်ဖယ်လှိုင်း

မုန်းစိတ်ရိုင်းကို အလျင်းဖယ်ခွာ

ပြုပေးပါလော့ စိမ်းနှမခင် သူဇာပျို … ။


ပိုင်ဆိုင်ချင်လို ချစ်သူကိုလည်း

ရင်ကိုခွဲကာ ပြရဲပါသည်

နှစ်ကိုယ်တူချစ် ယှဉ်ကာဖြစ်လည်း

မင်းပဲနစ်နာ ရှိစေမှာမို့

အရှုံးသက်သက် အမုန်းဖက်ကာ

ဟန်ပါပါနှင့် ကြင်နာတိုးထပ်

လုပ်ဇာတ်ကိုခင်း ကိုယ့်ရင်တွင်းက

အချစ်ဇာတ်လမ်း ထိုမှတ်တမ်းကို

မျှော်မှန်းရေးဆို သိစေလိုသည်

ခင်ပျိုနှမ ခွင့်လွှတ်ဖို့… ။


kochitmoeswe@gmail.com

Comments