တစ်နေ့ထက်
တစ်နေ့ မရိုးအောင် တက်လာလိုက်သည့် ပြသနာများကလည်း.. စိတ်ပျက်ဖွယ်ရာ…။မောင်ဘချစ် သာ
စိတ်မပါ့တပါ နှင့် ကျောင်းဆရာဝင်လုပ်ခဲ့သူ ဆိုပါက.. ထွက်ပြီးတာ ကြာပေါ့..။
သို့သော်.. မောင်ဘချစ် .. ကျောင်း ဆရာ
ဘ၀ကို ပျော်ပါသည်။ ခလေးတွေနှင့် နေရာတာ ကိုပျော်မွေ့သည်.. တစ်ခါတစ်ရံ စိတ်ညစ်ရတာက
လွဲလျှင်.. ဘာမှ အကုသိုလ် မဖြစ်ပါ… ။ ကျောင်းဆရာ အလုပ်ကို လူ့ဘုန်းကြီး ဟု
သူယူဆ
ထားပါသည်။
ယခု သတ္တမတန်း.. (F) ကို ကာယချိန်
ဝင်ရန်အတွက် အခန်းထဲဝင်လိုက်သည်။ အားလုံးနှုတ်ဆက်ပြီးသည်နှင့်
` ကဲ. အခု ဆိုရင် ဆောင်းရာသီ
ကိုရောက်လာပြီ.. ဒီတော့ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန် လုပ်ရတာ ကောင်းတယ်..
အခန်းထဲမှာ ငြိမ်နေရင် သွေးအေးပြီး ကျန်းမာရေးအခံ အားနည်းသူတွေဆို ဖျားနာတတ်တယ်..
။ ဒီတော့ အခု ကာယချိန်မှာ.. အားလုံး အပြင်ထွက်ပြီး ကာယ လေ့ကျင့်ခန်းလုပ်မယ်..
ဆရာရှေ့ကလုပ်ပြမယ် အားလုံး.. ရေသာမခိုပဲ.. နောက်ကနေ လိုက်လုပ်မယ်.. ကြားလား… ။ ´
`
ဟုတ်ကဲ့.. ပါ ဆရာ.. ´
` ကဲ.. ဒါဆို စနစ်တကျ
တန်းစီပြီး.. ကစားကွင်းထဲသွားမယ်.. ။ ´
အားလုံး..
ထွက်သွားပြီ.. နောက်ဆုံးတန်းမှ နှစ်ကျ.. သုံးယောက်ထဲမှ.. ခင်မြသီက မလိုက်ပဲ..
အခန်းထဲ ချန်နေခဲ့သည်။
`
သွားလေ… ဟိုမှာ.. သူများတွေ တန်းစီနေပြီ… ´
` မလိုက်ချင်ဘူး ရှင့်…. ´
`
ငါ့ကို စိတ်တိုအောင် မလုပ်နဲ့နော်.. ဒီမှာလက်ထဲမှာ ကြိမ်လုံး.. မြင်ရဲ့လား..
ငါရိုက်မှာနော်.. ´
` ရိုက် .. ရှင့်..´
ခင်မြသီ ခေါင်းကိုငုံ့ကာ ပြောနေသည်။
မောင်ဘချစ် မရိုက်မှန်း သိ၍ ပေကပ်ကပ်လုပ်နေခြင်းဖြစ်သည်။
` နေစမ်းပါဦး.. နင်က အားလုံး..
ထွက်လုပ်နေတဲ့ ကိစ္စ ဘာဖြစ်လို့ မလိုက်ချင်ရတာလဲ.. ´
ခင်မြသီက
တိုးတိုးလေးပြန်ဖြေသည်။
` ကျွန်မဒီနေ့ ဟိုဟာ.. ဖြစ်နေလို့ ရှင့်… .´
` ဟမ်… ဘာရယ်…. .. ´
`
ကျွန်မ .. ဟိုဟာ.. ဖြစ်နေလို့ပါ… .. ´
မောင်ဘချစ် နဲနဲတော့
သဘောပေါက်သွားပါသည်။
`
တောက်.. . အေး.. နေခဲ့.. နေခဲ့.. နင်တစ်ယောက်တည်း နေခဲ့.. အခန်းထဲ
ပစ္စည်းပျောက်လို့ အငြိုးခံရမှ.. စိတ်မဆိုးနဲ့…. ´
မောင်ဘချစ် စိတ်ဆိုး မာန်ဆိုးဖြင့်..
အခန်းထဲမှ ထွက်လာခဲ့သည်။ ဆရာနှင့် တပည့်ကြား ပြောမကောင်းသည့် စကားလုံး..
အားနည်းချက်ကို အခွင့်ကောင်းယူမှန်း
သိပါသည်။ သူတို့ မိန်းကလေးကိစ္စ .. ဆရာမတွေ သွားပြောလို့ လည်း မတင့်တယ်… ။ နေပါစေ…
ထားလိုက်တော့… ။ ကာယ မလုပ်ချင်လဲ နေပေါ့.. ကွင်းထဲမှာ လုပ်ချင်တဲ့သူတွေ
အများကြီး.. ကင်းခြေများပဲ .. ခြေတစ်ချောင်းကျိုးလဲ.. ဘာအရေးလဲ… ဟု ဖြေတွေးတွေးကာ
..ကာယလေ့ကျင့်ကွင်းသို့ ထွက်လိုက်သွားတော့သည်။
သည်ကိစ္စ က သည်မျှ နှင့် မပြီးသေးပါ..
။ နောက်တစ်ပတ် ကျတော့ သူ့ဘေးမှ အေးယုစံကပါ ချန်နေခဲ့သည်။
ဒီတစ်ပတ်ကျတော့ အေးယုစံ ပြောရမည့် အလှည့်ထင်သည်…
။
` သွားကြလေ..
ဘာနောက်ချန်နေတာလဲ.. ´
အေးယုစံက
ခေါင်းလေးငုံ့ကာ..
` ကျွန်မ ဒီနေ့ ဟိုဟာ….. …. .. ´
`
တော်.. တော်.. မပြောနဲ့… နင်ဘာပြောမယ်ဆိုတာ သိပြီးသား.. နေခဲ့ကြ.. အဖော်ရအောင် နှစ်ယောက်လုံးသာ
နေခဲ့ကြတော့… ´
မောင်ဘချစ်..
နောက်ထပ် စိတ်မတိုချင်တော့သဖြင့်.. သူတို့ နှစ်ယောက်ကို ချန်ထားခဲ့ကာ ကျန်လူများ
ကိုသာ သင်ပေးလိုက်ရပါသည်။.. အင်း.. ဒါလောက်ဆို ဒီကိစ္စ ပြီးပြီ ထင်ပါတယ်… ။
သို့သော်.. နောက်တစ်ပတ်မှာ ..
အရှည်ကြီး ဟု နာမည်ခေါ်တွင်သည့်
အရပ်သုံးပေ သာသာ ဂျပုမလေး ကသူတို့ နှင့်အတူ.. ရောနေခဲ့ပြန်သည်။ ခုနှစ်တန်းသာ
ရောက်နေသည်.. မသိလျှင် ငါးတန်းကျောင်းသူလောက် ထင်ရ၏။
ဟိုနှစ်ယောက်ကို တော့ ဘာမှ.. မပြောတော့..
လွှတ်ပေးထားလိုက်သည် ။
`အရှည်ကြီး နင်က.. ဘာလုပ်နေတာလဲ.. သွားလေ.. ´
` ကျွန်မလည်း.. ဟိုဟာ.. .. . ..´
` ဘာ…. ဟိုဟာလည်း.. သေမယ်နော်… ဒီမှာ
ကြိမ်လုံ.. မြင်ရဲ့လား .. ´ ဆိုတော့မှ အရှည်ကြီး လှစ်ကနဲ အားကစားကွင်းထဲ..
ထွက်ပြေးသွားပါတော့သည်။
အားကစားကွင်းထဲတွင်
ကျောင်းသား ကျောင်းသူများ တန်းစီပြီး အဆင်သင့် ဖြစ်နေကြသည်။
` အားလုံး.. ရှေ့………………. ကြည့်.။
`တိတ်´
` အတန်း…. သတိ´
` တိတ်´
` သက်သာ ´
`တိတ်´
` ကဲ.. ဟုတ်ပြီ ခဏလေး.. နားထောင်မယ်..
မင်းတို့ စာသင်ခန်းထဲမှာ တစ်နေကုန်.. ပင်ပန်း နွမ်းနယ် နေတာ တွေ ပျေပျောက်
သွားအောင် .. လေ့ကျင့်ခန်း လုပ်မယ်.. ။ လေ့ကျင့်ခန်း မလုပ်ခင်.. သွေးပူသွားအောင်
ကွင်းတစ်ပတ် ပြေးမယ်… နေမကောင်းတဲ့လူ ပါရင်.. နောက်ပြီး မပြေးနိုင်တဲ့သူ ပါရင်
နေခဲ့လို့ ရတယ်… ။ဆရာလဲ.. မင်းတို့ နဲ့ အတူ တူ လိုက်ပြေးမယ်… ၊ ဆရာနဲ့
အတူလိုက်ပြေးမဲ့သူတွေ.. လက်ညိုးထောင်… ။
အားလုံး..
လက်ထောင်ပြကြသည်။
`ကဲ..
ဒါဆို ပြေးမယ်.. အမြန်ကြီး ပြေးစရာမလိုဘူး.. ဖြည်းဖြည်းနဲ့ မှန်မှန်ပြေးမယ်…
ခြေလှမ်း လှမ်းရင် အသက်ရှုမယ် ပြန်ထုတ်မယ်.. အဲလို မှန်မှန် လုပ်ရင်း ပြေးမယ်… ကဲ..
စ..။
ကွင်းတစ်ပတ်ပြည့်တော့
ကျောင်းသား တစ်ဝက်လောက်က မောဟိုက်ကာ ခြေကုန်လက်ပမ်း ကျနေကြသည်။
`ကဲ ကဲ..ခဏ အမောဖြေမယ်… . မင်းတို့က အလေ့အကျင့်
နည်းတော့ မောတာပေါ့.. ဆရာဆိုရင် တစ်ရက် ကို ဆယ့်ပတ် ဆယ့်ငါးပတ် လောက်ပတ်ပြေးတယ်…
လုံးဝ မမောဘူး..´
`
အခု ဒီကွင်းကို ပတ်ပြေးတာလား ဆရာ.. ´
`
မဟုတ်ဘူး ဟ.. ဆယ်ပြားစေ့ချပြီး ပတ်ပြေးတာလေ… ´
မောနေသော ကျောင်းသားများ ၀ါး ကနဲ ပွဲကျသွားသည်။
`မင်းတို့
မရယ်နဲ့.. တစ်ကယ်ပြောတာ.. ပြိုင်ပွဲတစ်ခုမှာ ငါတစ်ယောက်ထဲပဲဝင်ပြိုင်တာ ဒုတိယရတယ်…
´
`
ဗျာ.. ပထမက ဘယ်သူရသွားလဲ… ´
` ပန်းဝင်ခါနီးကျတော့မှ ကျောက်ခဲကို
ခလုတ်တိုက်မိတာ.. ကျောက်ခဲက ပထမရသွားတယ်… ´
` ဟား… ဟား.. ဟား..ဟား.. တော်ပါတော့
ဆရာရယ်.. မပြောပါနဲ့တော့… ရယ်ရတာလဲ..မောလှပါပြီ.. ´
ခဏ
အမောဖြေပြီးတော့ လေ့ကျင့်ခန်း ဆက်လုပ်ပါသည်။ ပထမ ဘယ်ခြေ ညာလက် နောက်
ဦးခေါင်းလေ့ကျင့်ခန်း ထို့နောက် လက်၊ ခါး၊ခြေ သုံးခါ… နောက်ပီး
အသက်ရှုလေ့ကျင့်ခန်း.. အားလုံး ၁၂ မျိုး… ။
`
အားလုံး မှတ်ထားမယ်နော်… မိမိရဲ့ ကိုယ်ခန္ဓာ ဟာ ၀သည်ဖြစ်စေ ပိန်သည်ဖြစ်စေ..
ကြံ့ခိုင်သန်စွမ်းနေရမယ်.. ပေါ့ပါးရမယ်… ပျော့ပြောင်းရမယ်… အခု အကြောလျှော့
လေ့ကျင့်ခန်း စမယ်.. ခါးကို ရှေ့
ကုန်းပြီး လက်နှစ်ဖက်က ခြေမ နှစ်ခုကို ဆွဲကိုင်ထားမယ်… ဒူး မကွေးရဘူးနော်..
လုပ်ကြည့်… မရရင်.. ဖြည်းဖြည်းချင်းလေ့ကျင့်မယ်..´
ရတဲ့သူက
ရသည် မရတဲ့သူက မရ။ ခပ်၀၀ ကျောင်းသားတစ်ယောက်က သူများနည်းတူ မရတော့..
တအင်းအင်းနှင့် အသံထွက်အောင် ကြိုးစားပမ်းစား လုပ်နေသည်။
`ဟေ့ကောင်..
မိုးဒီ.. အနှစ်နှစ် အလလ က မလျှော့ခဲ့တဲ့ အကြော.. အခုမှ အားကျိုးမာန်တက်
လုပ်မနေနဲ့.. မင်းဗိုက်ကြီးနဲ့ ထစ်
နေတာကွ.. ခါးကနေ ပြတ်ထွက်သွားလို့ အိမ်ကို တစ်ပိုင်းစီ ပြန်နေရမယ်.. တော်တော့..
နောက်မှ ဖြည်းဖြည်း ချင်း.. လေ့ကျင့်ယူရတယ်… ´
`
ကဲ.. ခဏ နားမယ်.. အဲဒီလိုမျိုး နေ့တိုင်း ဖြည်းဖြည်းချင်းလုပ်မယ်..
နောက်ပြီး..တစ်ခါ ဒီမှာထပ်ကြည့်မယ်..´
ထိုသို့ဖြင့်
ကိုယ်တတ်သလောက် မှတ်မိသလောက် ပြန်လည်သင်ပြကာ တပည့်များ ကာယပညာကို
စိတ်ပါဝင်စားလာအောင် ဆွဲဆောင် သင်ကြားပေးခဲ့ရသည်။ထိုသို့ဖြင့် ကာယချိန်တွင်
ကျောင်းလစ်သူများ တစ်ယောက် မှ မရှိခဲ့ကြပါ…။
တစ်ရက်တွင် ဘောလုံး ကန်ချင်လှပါသည်
ဆိုသဖြင့် နှစ်သင်းခွဲကာ ကန်ခိုင်းလိုက်သည်။ တူညီဝတ်စုံ ဖြစ်စေရန် အတွက် တစ်ဖက်
အသင်းအား အင်္ကျီချွတ် ခိုင်းလိုက်သည်။ ကိုယ့်လူ ကိုယ် မှတ်မိစေရန်ဖြစ်သည်။
သူတို့အား ကွင်းထဲတွင် ဆော့ခိုင်းထားပြီး နားနေခန်းပြန်နားနေလို့ ဆယ်မိနစ်ပင်
မပြည့်သေး.. ။မောင်အောင်ချစ် တစ်ယောက် နှဖူးတွင် ဘုထကာ အရေးပေါ် လူနာအဖြစ် ရုံးခန်းတွင်
ရောက်ရှိလာသည်။.
`
ဟာ.. ရန်ဖြစ်လာကြပြန်ပြီလား… ဘယ်ကောင်ချလိုက်တာလဲ… ပြောစမ်း… ´
အောင်ချစ်
ဘာမှပြန်မပြော.. တရှုံ့ရှုံ့နှင့်သာ ငိုနေသည်။.. လိုက်ပို့သောသူက..
`
ဘယ်ကောင်ကမှ ချတာ မဟုတ်ဘူး ဆရာ.. သူ့ဖာသာသူ.. ကွင်းဘေးက ဘောလီဘောတိုင်ကြီးကို
မမြင်ပဲ ၀င်တိုက်မိတာပါဆရာ…။
`အော်…
ဖြစ်ရမယ်လေ.. ပစ်ထားလိုက်တာနဲ့ .. ပြသနာတက်တော့တာပဲ.. လာ..လာ.. ´
မောင်အောင်ချစ်ကို
ရုံးခန်းထဲမှ.. ဆေးသေတ္တာ ရှိရာ ခေါ်သွားသည်။
`ဘာဖြစ်လာပြန်ပြီလဲ.. ဆရာမောင်ဘချစ်..
´
ကျောင်းအုပ်ဆရာမကြီးက..
ခရီးရောက်မဆိုက် လှမ်းမေးလိုက်သည်။
`သမံတလင်းပေါ်
ချော်လဲ လို့ပါ.. ဆရာမကြီး.. ´
ဘယ်သူမှ
မဖြေခင် ကပျာကယာ ၀င်ဖြေပေးလိုက်ရသည်။ အမေရိကန်ဘောလုံးကိစ္စ တုံးက တစ်ဝါထိထားသဖြင့်
အဖြစ်မှန်မပြောရဲ..။ ဆရာမကြီးက ဆေးသေတ္တာသော့ကို လှမ်းပေးလိုက်သည်။ကြက်ခြေနီတံဆိပ်
နှင့်ဆေးသေတ္တာ ကိုမြင်လိုက်တော့ အောင်ချစ်လန့် သွားပုံရသည်။ အငိုတိတ်ကာ..
`
ရပြီ.. ဆရာ.. ကျွန်တော် ဘာမှ မဖြစ်တော့ပါဘူး… ´
`
ဘာမှ မဖြစ်လို့ မရဘူး.. မေးခိုင်ပိုးဝင်မှ အောက်မေးကြီး လှုပ်မရလို့ ထမင်းစားမရပဲ
ဖြစ်နေမယ်.. လာလာ.. ဒီနှစ်ထဲ ငါ တစ်ယောက်မှ ဆေးမကုရသေးဘူး.. မင်းက ဈေးဦးပေါက်ပဲ…
´
ထွက်ပြေးဖို့ပြင်နေသည့် အောင်ချစ်ကို
ကျောင်းသားနှစ်ယောက်က ၀ိုင်းချုပ်ပေးထားသည်။ နှဖူးကတော့ကွဲ မသွားပါ..။နဲနဲ
ပွန်းပြီး ဘုထ သွားရုံလောက်ပဲ… ။
ထိုဘုကြီးမပိန်မချင်း..မောင်ဘချစ်ကအ၀တ်ကိုအာငွေ့ပေးကာ ကြက်ဖု ထိုးပေးသည်။ ပိန်သွားတော့မှ အရက်ပျံနှင့်
ဆေးကာ ဂွမ်းသန့်သန့် ဖြင့်ခံပြီး အောင်ချစ် ခေါင်းကို ပတ်တီးသုံးလိပ်ကုန် အောင်
စည်းပေးလိုက်သည်။ ဒါတောင် ဆေးသေတ္တာထဲက ဒါပဲ တွေ့လို့… …
ကျွန်တော် မောင်ဘချစ် ဒေါက်တာရမ်းကု လုပ်ကာ
စည်းပေးလိုက်သော ပတ်တီးကြောင့် မောင်အောင်ချစ် တစ်ယောက် အောင်ချစ် မှ ဖိုးချစ် ဟု
အမည်သစ် တစ်ခု ရရှိသွားခဲ့ပါတော့သည်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ