Pages

Monday, August 13, 2012

မောင်ဘချစ် အပိုင်း(၅) မခေါ်ချင်တဲ့ အကြည့်များ.


              နောက်ရက်များတွင်.. ဆဋ္ဌမတန်း .. PT အချိန်များကို ၀င်ရောက်ရပါသည်။ ဆဋ္ဌမတန် E ခန်းတွင် ကာယ ချိန်ဝင်ရောက်ခဲ့စဉ်က ဖြစ်ပါသည်။ ကာယလေ့ကျင့်ခန်း ကွင်းတွင် မိုးရေများနှင့် ချော်နေသဖြင့် အတန်းရှေ့ မြေပြောင် ပြောင်နေရာလေးတွင်သာ ခလေးများကို ဆော့ခိုင်းထားပြီး မောင်ဘချစ် အင်္ဂလိပ်စာ လေ့ကျင့်ခန်းစာအုပ်များကို စစ်ဆေးနေလိုက်သည်။ အခန်းထောင့်တစ်နေရာ
တွင် အမာကြည် ဆိုသည့်ကောင်မလေးက အများနည်းတူ မဆော့ပဲ သူ့ နေရာသူ ထိုင်နေကာ မောင်ဘချစ်ကို လှမ်းကြည့်နေသည်။
            ဒီအတိုင်းထားလို့ မဖြစ်… မတော်လို့.. ပစ္စည်းတစ်ခုပျောက်လျှင် သူမကို အငြိုးခံရဦးမည်… ။
            ` အမာကြည်.. သွားဆော့ချေလေ.. ´
            အမာကြည် က ခေါင်းလေးရမ်းပြသည်။ မောင်ဘချစ် သူမကို လက်ယပ်ခေါ်လိုက်သည်။
            ` ညည်က ဘာဖြစ်လို့ သူတို့လို မဆော့တာလဲ.. ´
            ` သူတို့ကျွန်မကို မပါရဘူး.. တဲ့..ဆရာ.. ´
            ` ဟုတ်လား.. ဒါဆို ဟိုမှာ ကြိုးခုန်နေတဲ့ အဖွဲ့ထဲ .. သွားဆော့ချေလေ.. ´
            ` သူတို့ ကလည်း အတူတူပဲ.. ကျွန်မကို အငြင်းသန်လို့ ဆိုပြီး.. ဘယ်ဘက်ကမှ အပါမခံဘူး.. ´
            ` မဟုတ်သေးပါဘူး… နေစမ်း..ဆရာပြောမယ်..  မိန်းကလေးတွေ အားလုံး လာခဲ့ကြဦးဟေ့..´
            အားလုံး ရောက်လာတော့.. မောင်ဘချစ် ဗီတိုအာဏာ ထုတ်သုံးရတော့သည်။.. ဒီမှာ အမာကြည့် ကို နင်တို့က ဘယ်သူမှ မခေါ်ကြဘူး..ဆို.. ကိုယ့်အတန်းသား အချင်းချင်း.. အဲလို မလုပ်ရဘူး… မခေါ်ရင် မခေါ်တဲ့သူ အပြစ်နော်.. သွား.. အတူတူ သွားဆော့ချေကြတော့.. ရန်ဖြစ်သံ ငါမကြားချင်ဘူး.. ဒီမှာ ငါစာအုပ်တွေ အများကြီး စစ်ရဦးမှာ… ´
            အမာကြည့် မျက်နှာလေးက ၀င်းပ သွားသည်။ ကျန်လူများကတော့ သူမကို မျက်စောင်းထိုးပြီး ကြည့်ရုံက လွဲပြီး ဘာမှ ပြန်မပြောကြ။ အားလုံး ကစားကွင်းပြန်သွားတော့ အမာကြည်က နောက်မှ လိုက်သွားသည်။
            လေ့ကျင့်ခန်းစာအုပ် တစ်အုပ်ပင်စစ်မပြီးသေး..  အမာကြည်ရောက်လာပြီး လာတိုင်သည်။
            ` ဆရာ.. သူတို့က ကျွန်မကို မခေါ်ချင်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြတာရှင့်…. ´
            ` ဟမ်…. ဘာလဲဟ.. ဘယ်လို မခေါ်ချင်တဲ့ အကြည့်မျိုးလဲ… ´
            ` ဟိုမှာ ရှင့် … ´
            မောင်ဘချစ် လှမ်းကြည့်လိုက်တော့လဲ ဟုတ်ပါသည်။ အမာကြည့်ကို ကြည့်နေသည့် မျက်လုံးများက မနှစ်မြို့သည့် မျက်လုံးများ မှန်း သိသာနေသည်.. ။
            ` ညည်းစိတ်ထဲက ထင်နေလို့ နေမှာပါ.. သွားသွာ.. ငါလှမ်းပြောလိုက်မယ်.. ဟေ့ ဟေ့.. သူ့ကို နင်တို့ခေါ်လိုက်ကြနော်.. သူလဲ နင်တို့ထဲကစားချင်လို့တဲ့…. ကဲ.. သွား ငါပြောလိုက်ပြီ.. သွားဆော့တော့.. ´
ငါးမိနစ် ပင်မပြည့်သေး… ။ အမာကြည် ပြန်ရောက်လာသည်။…
            ` ဆရာ ရှင့် ဆရာရှင့်.. သူတို့က ကျွန်မကို မပါစေချင်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြပြန်ပြီ ရှင့်… ´
            `ဟားးးးးးးးး …… … ငါတော့ စိတ်ပျက်ပါတယ်.. ဘာတုံးဟ မပါစေချင်တဲ့ အကြည့်ဆိုတာ… ´
ကစားနေရာကို လှမ်းကြည့်လိုက်တော့လဲ.. ဟုတ်ပါသည်… ။ အမာကြည့်ကိုကြည့်နေသော အကြည့်များက
သူမပြောသွားသော.. ` မခေါ်ချင်သည့် အကြည့်များနှင့် ´ `မပါစေချင်သည့် အကြည့်များ´
            ဟား….. ခင်မာကြည် ဒီကောင်မလေး… မလွယ်ပါလား.. ဟ..
            ` ကိုင်း… တော်ပြီ… အားလုံး… အတန်းထဲ ပြန်ဝင်မယ်… လာခဲ့ကြတော့… ´
မောင်ဘချစ် နောက်ထပ် ဗီတို အာဏာတစ်ခု ထုတ်သုံးလိုက်ရပြန်သည်။ ကလေးတွေမျက်နှာကိုတော့ မကြည့်တော့ပါ။
` ဆရာမို့ ကြောက်လို့မို့သာ.. ကျေတော့မကျေနပ်ဖူး… ဆိုတဲ့ အကြည့် မျိုး.. ´
နဲ့ မောင်ဘချစ်ကို  ကြည့်နေမှာသေချာပါသည်။

*********************

            `လေ့ကျင့်..ခန်း .. စ..  တစ်.. နှစ်… သုံး… လေး.. ငါး.. ခြောက်.. ခုနှစ်…. ရှစ်..၊ ရှစ်..ခုနှစ်…. ခြောက်… ငါး …´
            မောင်ဘချစ် မြေပြင်ကွက်လပ်တစ်ခုတွင်ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင်းခန်း အတွဲ (၁) အမှတ် (၁) ကို သင်နေသည်။ ဘယ်ခြေ ညာလက် ပေါ့… ။ ခြေထောက်များ နင်းတာ ညီမညီ သေချာလိုက်ကြည့်သည်။ မညီသေးလျှင် ထပ်ပြီး လုပ်ခိုင်းသည်..။ ပြန်စမယ်.. ` တစ် နှစ် သုံး..လေး.. …. ´ အားလုံးနီးပါး.. ညီညာနေပါသည်။ သို့သော်.. တက်တူလို့ ခေါ်သည့် ပိန်ညက်ညက် ကလေးတစ်ယောက်က တော့.. ယခုအချိန်ထိ ဘယ်ခြေ ဘယ်လက် ညာခြေ ညာလက် နင်း နေတုံးပင်…´
            ` ကဲ.. မောင်တက်တူရေ.. မင်းနာမည်ကလဲ.. ရှည်တော့မေ့နေတယ်ကွာ.. လာပါဦး ဘယ်ခြေ.. ညာလက်.. လုပ်ပြစမ်းပါ.. ´ မောင်တက်တူ နင်းပြပါသည်။
` မှားတယ်.. ဆရာ့ကိုကြည့် ´
မောင်ဘချစ် သူ့ရှေ့မှာ.. ဘယ်ခြေ ညာလက် နင်းပြလိုက်ပါသည်။
` ကဲ.. မင်း အလှည့်..´
ထူးခြားမလာပါ.. ဘယ်ခြေ ဘယ်လက်ပင်.. ။ ဘယ်လိုသင်ရမှန်းကို မသိတော့..။
` ကဲ ရိုးရိုး မင်းလမ်းလျှောက် ပြစမ်းပါ.. ´ ထိုအခါကျတော့ ဘယ်ခြေညာလက်..မှန်နေသည်။
` အေး.. အဲဒီအတိုင်းပဲ.. နေရာမရွှေ့ပဲလုပ်ကြည့်… ´
ဘယ်ခြေ.. ဘယ်လက်ပဲ.. ဘယ်လိုမှ ပြောမရ.. ရွဲ့ပြီး သေချာလုပ်ပြနေသလိုပါပဲ.. ပင်စင်ယူချင်စိတ်တောင်ပေါက်လာပြီ။
ကိုင်း… ငါ ဆရာပဲ.. မရ ရအောင်သင်မယ်.. ဟုဆုံးဖြတ်လိုက်သည်။
 မောင်ဘချစ် သူနှင့် မျက်နှာချင်းဆိုင်း ရပ်လိုက်သည်။ ထို့ နောက် .. ` ငါ့ ကို သေချာကြည့်ပြီးလုပ်  ဆိုပြီး… ´
မောင်ဘချစ်က တမင် တကာပင် ဖြည်းဖြည်း ချင်း ဘယ်ခြေ ဘယ်လက် လုပ်ပြလိုက်သည်။
မောင် တက်တူကလေး သေချာကြည့်ကာ လိုက်လုပ်ပါတော့သည်။ မှန်သွားပါသည်။ ဘယ်ခြေ ညာလက်..
            ` အေး ဟုတ်ပြီ.. ငါ့ကိုသာ ကြည့်လုပ်တော့ကွာ.. ဒီမှာ ကြည့်…  ´
မောင်ဘချစ် ဆက်ကာ ဆက်ကာ ဘယ်ခြေ ဘယ်လက် ညာခြေ ညာလက် နင်းပြသည်။
မောင်တက်တူက တော့ ဘယ်ခြေ ညာလက်.. ကို အရသာတွေ့နေပုံရသည်။ မျက်နှာက ပြုံးရွှင်လို့.. ။
ကျန်သောကလေးများက ထိုင်ကြည့်နေရင်းမှ တဟားဟားနှင့် ပွဲကျနေပါတော့သည်။
အော်.. ` အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးမှ တစ်ခါတစ်လေ အဆင်ပြေတာပါလား.. ´

            မိုးရွာသည့် ရက်များတွင် ကိုယ်လက်ကြံ့ခိုင်ရေး လုပ်ဖို့ အဆင်မပြေပါ..။ မိန်းကလေးများအနေဖြင့် ကစားနည်းက စုံသော်လည်း ယောက်ကျားလေးများအတွက်ကတော့ ဘောလုံးနှင့် ဘောလီဘော ၂ မျိုးသာ အများအားဖြင့် ကစားကြသည်။ ကွင်းကလည်း တစ်ခုတည်း…မို့ အဆင်က သိပ်မပြေလှ… ။ မိန်းကလေးများက ဆော့စရာနေရာ မရှား.. နီးစပ်ရာသစ်ပင် ရိပ်အောက် ကစားလို့ရသည်။ ယောက်ျားလေးများက ဘောလုံးကန်ချင်ကြသည်။
            ` ဆရာ… သားတို့ဘောလုံးထွက်ကန်ဦးမယ်.. ဒီမှာ ဘောလုံးပါလာတယ်..´
            ` မကန်နဲ့.. ဒီထဲမှာပဲ ပုံပြင်ပြောတမ်း စကားထာဝှက်တမ်း ကစားကြပေါ့..´
            ` ဆရာက မျက်နှာလိုက်တာ.. မိန်းကလေးတွေကျတော့ ထွက် ကစားခိုင်းတယ်.. သားတို့ကျတော့ ထွက်ပြီး ဘောလုံး မကန်ရဘူး.. တဲ့.. ´
            ` ငါက မျက်နှာလိုက်တာ မဟုတ်ဘူး.. ဟိုနေ့က ဘောလုံးကန်တာ သိပ္ပံခန်းကို ၀င်မှန်လို့ မှန်သုံးချပ် ကွဲသွားတာ ကန်တဲ့ကောင်က မလျှော်နိုင် နိုင်လို့  ငါက စိုက်လျော် ပေးလိုက်ရတယ်လေ.. နှစ်ထောင့်ငါးရာ.. ကုန်သွားတယ်.. နောက်ထပ် ငါလျော်စရာ မရှိဘူး.. လခထုတ်ပြီးမှ မင်းတို့ ကန်ချင်လဲ ကန်ကြတော့.. ´
            `တော်ပြီဆရာ.. လုပ်ပါ.. မှန်မကွဲစေရဘူး.. သားတို့ သာသာလေးပဲ ကန်မှာပါ.. ´
            ` ဟ.. ဘောလုံးက မျက်စိပါတာမဟုတ်ဘူး.. ဒီလောက်တောင် ဘောလုံးကစားချင်ရင်လဲ.. အမေရိကန် ဘောလုံး လိုကစား.. အဲဒါဆို အန္တရာယ် ကင်းတယ်..´
            ` ဟုတ်.. ဆရာ သင်ပေး.. အဲလိုကစားမယ်.. ´
            ` ကိုင်း… ကောင်းပြီ.. အမေရိကန်ဘောလုံး ကစားနည်း ပြောပြမယ်.. လာ ဟိုသစ်ပင်အောက် အားလုံးသွားစို့.´
            ` ဟိုဘက်ထိပ် နဲ့ ဒီဘက်ထိပ်ကို စည်း တား ထားမယ်.. ဘောလုံးကို ပွေ့ယူပြီး.. ကိုယ့် ဘက်ကလူက ဟိုဘက်စည်းကို ကျော်ပြီး ယူသွားနိုင်ရင် တစ်ဂိုးရမယ်… ။ ဒီတော့ မှတ်ထားရမှာက ဘောလုံးသယ်လာတဲ့လူရဲ့ လက်ထဲက ဘောလုံးကို မလုရဘူး.. လူကိုပဲ ဆွဲပွေ့ပြီး တားရမယ်.. ဘောလုံးကိုလုရမဲ့ အချိန်က လေထဲမြောက်နေတဲ့ အချိန်နဲ့.. မြေပြင်ပေါ် ကျနေတဲ့ အချိန်ပဲ.. ဒါလောက်ဆို ကစားလို့ရပြီ.. တစ်ခုတော့ရှိတယ်.. ရန်မဖြစ်ကြနဲ့.. နာမှာ ကြောက်တဲ့ကောင် အစကတည်းက မပါနဲ့.. ။´
            ကလေးများ ကစားနည်းအသစ်ကို အတော်လေး သဘောကျသွားကြသည်။ ၀ိုင်းကြည့်သူများပင် တ၀ါးဝါး နှင့်ရယ်မောရင်း အားပေးနေကြသည်။ ရွံ့ထဲ ရောက်သည်အထိ အလွတ်မပေးတော့ ချော်လဲသူကလဲ လဲ… ။ မောင်ဘချစ်လဲ ခဏသာကြည့်ပြီး.. အခန်းထဲပြန်သွားကာ လေ့ကျင့်ခန်းများစာအုပ်များ စစ်ဆေးနေလိုက်သည်။
            နောက်တစ်ချိန်ပြောင်းသွားလို့ နားနေခန်းခဏ ထိုင်နေစဉ်.. ပြသနာတက်တော့သည်။ ဆရာမ တစ်ဦး လာခေါ်လို့ လိုက်သွားတော့ စောစောပိုင်းက အမေရိကန်ဘောလုံး လက်ရွေးစင် အားကစားသမားများ ရွံ့ အလူးလူးနှင့် စတိတ်ခုံပေါ် မတ်တပ်ရပ်နေကြသည်။ နှစ်ယောက်က အင်္ကျီစုပ်ပြတ်နေသည်။ သုံးယောက်လောက်က အင်္ကျီကြယ်သီးများ မရှိတော့။
အကျီရော.. ပုဆိုးများပါ.. အားလုံး ရွံ့ရောင်ဖြစ်နေသည်။ အားလုံးကို နိဂုံးချုပ်လိုက်တော့..
ကျောင်းအုပ်ဆရာမကြီးက အမေရိကန်ဘောလုံးအသင်းအား နည်းပြပါမကျန် အားလုံးကို အ၀ါကတ် ပြလိုက်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment

မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်

လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ

">Index'); document.write('

Blogger Widgets?max-results=10">Label 3

');
    ?max-results="+numposts4+"&orderby=published&alt=json-in-script&callback=showrecentposts5\"><\/script>");
Powered By Blogger

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Sample Text

Pesquisar