ချစ်သူလေးရယ်
တကယ်တော့ ကိုယ်က ဘာဆို ဘာမှ မဟုတ်ခဲ့ပါဘူး
ဒါပေမဲ့ မင်းကို ချစ်တဲ့ ကိုယ့်ရဲ့အချစ်တွေက တကယ်ကိုဟုတ်ခဲ့ပါတယ်
ချစ်သူလေးရယ်
မင်းနဲ့ပါတ်သက်ရင် ကိုယ်ဟာ အမှားတွေအများကြီး လုပ်ခဲ့တယ်နော်
မင်းရဲ့ချစ်သူနဲ့ ပြတ်စေချင်တဲ့သဘောတွေမပါခဲ့ပါဘူးကွာ
အမှားတွေများနေပေမဲ့ မင်းကိုချစ်တာကတော့ အမှန်ပါပဲ
ချစ်သူလေးရယ်
ကိုယ့်ရဲ့ ခံစားချက်တွေကိုနားထောင်ပေးလို့လည်း ကျေးဇူးတင်ပါတယ်
ကိုယ်က ခံစားတတ်ရုံသက်သက် နဲ့တော့ ချစ်တယ်ဆိုတဲ့စကားလုံးတွေ
အသုံးပြုခဲ့တာ မဟုတ်ပါဘူး တစ်ဘ၀လုံးစာ အဖြစ်ချစ်ခဲ့တာပါကွာ
ချစ်သူလေးရေ
ကိုယ့်ရဲ့ အချစ်တွေကြောင့် မင်းရဲ့အလုပ်ကို အနှောက်အယှက်ဖြစ်နေပြီလား
မယုံမကြည်တွေ ဖြစ်စေခဲ့ပြီနော် စိတ်ချပါ ကိုယ့်ကြောင့် မင်း စိတ်မညစ်စေရပါဘူး
မင်းကိုပျော်စေချင်တဲ့ဆန္ဒတွေ ငါ့ရင်ထဲမှာ အပြည့်ပါပဲ ကျေးဇူးပြုပြီး စိတ်မရှုပ်ပါနဲ့
မင်းရဲ့အချစ်ဆုံးလူတစ်ယောက် မဟုတ်ခဲ့ရင်တောင် မင်းကို အချစ်ဆုံးလူအဖြစ် ချစ်နေပါရစေ
ချစ်သူလေးရေ
ဒီစာကို ဖတ်ပြီး စိတ်ညစ်သွားလား စိတ်ရှုပ်သွားလား တောင်းပန်ပါတယ်ကွာ
အလုပ်ကိုကြိုးစားပါ ကျမ္မာရေးကို ဂရုစိုက်ပါ အစားကိုပုံမှန်စားပါ စိတ်ကိုပျော်အောင်ထားပါ
အခြားသောစိတ်ညစ်စရာလေးတွေ ရှိခဲ့ရင် ကိုယ့်ကို သတိရပေးပါ
မင်းရဲ့အနားမှာ တစ်ယောက်မှ မရှိတော့တဲ့အခါမှာလည်း ကိုယ့်ကိုသတိရပေးပါ
ချစ်သူလေးရေ
မင်းလေး အတွက် စိတ်ညစ်စရာတွေ ထပ်မပေးချင်ဘူး မင်းကို စိတ်ဆိုးစေတဲ့လူထဲမှာ ကိုယ်မပါချင်ဘူး
မင်းကို စိတ်ဓာတ်ကျအောင် ကိုယ်မလုပ်ခဲ့ပါဘူး ဒါကြောင့် မင်းအတွက် အကောင်းဆုံးလို. ထင်လို.
ကိုယ်လေ ဟိုးးးးးအဝေးဆုံးကို သွားပါတော့မယ် မင်းမလိုအပ်တဲ့အချိန်ထိပေါ့
မင်းရဲ့အနီးဆုံးမှာလည်း အမြဲရှိနေမှာပါ မင်းလိုအပ်တဲ့အချိန်မှာပေါ့
ကိုယ်တို. တွေ အဝေးကနေပဲ နေသင့်တယ်လို့ ထင်လို့ ကိုယ်ထွက်သွားပါတော့မယ် ချစ်သူလေးရယ်
wedsite=www.achityor.blogspot.com

No comments:
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ