ချစ်သူလေးရေ
ကိုယ်တို.နှစ်ယောက်ကြားမှာ စည်းလေးတွေ ခြားနားခဲ့ပြီနော်
ရှေ.ဆက်တိုးခွင့်မရှိတော့ဘူးဆိုပေမဲ့ နောက်ဆုတ်ဘို့ မစဉ်းစားခဲ့ပါဘူး
ချစ်သူလေးရေ
အချစ်ဆိုတာ ဖန်တီးလုပ်ယူလို့မရသလို တားဆီးလို့လည်းမရပါဘူး
ဒါကြောင့် ကိုယ့်ကို မချစ်ပါနဲ့ဆိုတဲ့စကားတွေအသုံးမပြုပါနဲ.နော်
ချစ်သူလေးရေ
အချိန်တွေက စကားပြောတတ်တယ်တဲ့ ကိုယ်ကြားဖူးတာလေးတွေလေ
ဟုတ်လောက်မှာပါ ကိုယ်လေ မင်းကို ချစ်တဲ့အချစ်တွေကို အချိန်လေးတွေသိတယ်
အချိန်က မင်းကိုစကားပြောလာပါလိမ့်မယ် မင်းအတွက်လိုအပ်မဲ့အခါမှာပေါ့
ချစ်သူလေးရေ
မင်းအတွက်ဆိုပြီး အမုန်းတရားတွေဖန်တီးတာမဟုတ်ခဲ့လို.ကိုယ့်ကိုမမုန်းဘူး မို.လား
ဒါဆိုရင် ကိုယ်ချစ်ခဲ့တဲ့အချစ်တွေအတွက် ထိုက်တန်ပါတယ်လို. ကိုယ်ယူဆမိပါတယ်
ချစ်သူလေးရေ
မင်းပျော်ပါစေနော် ချစ်သူနဲ့အဆင်ပြေပါစေ ဘ၀မှာ စိတ်ညစ်စရာတွေ ကင်းဝေးပါစေ
အလုပ်တွေအဆင်ပြေပါစေ စိတ်တွေအမြဲပျော်ရွှင်ပါစေနော်
ကိုယ့်ဆုတောင်းသံတွေ မင်းမကြားနိုင်တဲ့ အဝေးမှာ အမြဲ၇ှိနေမှာပါ
ချစ်သူလေးရေ
စကားတွေအများကြီးပြောချင်တယ် အချစ်တွေ သက်သေပြချင်တယ်
ဘ၀တွေ တူတူကြိုးစားချင်တယ် အချစ်တွေ အတူတူ ရှိချင်ခဲ့တယ်
ကြင်နာမှူတွေ မြင်စေချင်တယ် ကြိုးစားမှုတွေအသိမှတ်ပြုစေချင်တယ်
ချစ်သူလေးရေ
ကိုယ်တို.ဝေးကြရတော့မယ်သိလား မင်းအတွက် ကိုယ့်ကို ဂရုမစိုက်ပါနဲ့
မင်းရဲ့ချစ်သူနဲ. အဆင်ပြေအောင်ကြိုးစားပါ အားလုံးက အရင်အတိုင်းပြန်ဖြစ်ချင်ဖြစ်နိုင်ပါတယ်
ဒါပေမဲ့ မင်းကို ချစ်တဲ့ ကိုယ့်အချစ်က အရင်ထက် ပိုနေမှာပါ
ချစ်သူလေးရေ
ကိုယ်တို.တွေ ......ကိုယ်တို.တွေ..........ဝေးကြစို.နော်

No comments:
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ