Pages
Saturday, July 20, 2013
ချစ်သူသို.(3)
ချစ်သူလေးရေ
မှတ်မိသေးတယ်သိလား တူတူ ကော်ဖီသောက်တာလေးတွေလေ
မှတ်မိသေးတယ် သိလား တူတူရန်ဖြစ်တာလေးတွေလေ
မှတ်မိသေးတယ်သိလား တူတူချက်တင်ဆိုင်မှာတွေ.တာလေ
မှတ်မိသေးတယ်သိလား ကိုယ်က ချစ်တယ်လို့ပြောတဲ့အချိန်ကိုလေ
မှတ်မိသေးတယ် သိလား ကိုယ့်ကို မချစ်ပါနဲ့ လို့ပြောတဲ့အချိန်ကိုလေ
ချစ်သူလေးရေ
မင်းနဲ.ပါတ်သက်ရင် အရာရာ တိုင်းက အမှတ်တရတွေဖြစ်နေပါပြီ
မင်းနဲ.ပါတ်သက်ရင် မင်းပြောတဲ့ စကားလေးတွေကအစ ရင်ထဲမှာ သိမ်းထားတတ်နေပါပြီ
ချစ်သူလေးရေ
လောကကြိးမှာ တခါတလေ မထင်မှတ်တာတွေ ရှိတတ်တယ်လေ
ကိုယ့်အချစ်ကို မယုံမကြည်ဖြစ်နေပြီလား ဒါက သဘာဝပါပဲ
ဒါပေမဲ့ ကိုယ်မင်းကို သိပ်ချစ်တယ် ဒါကြောင့် ဖြစ်ချင်တာထက်
ဖြစ်သင့်တာတွေကို ကိုယ်လုပ်ဆောင်ရတော့မယ်လေ
ချစ်သူလေးရေ
ချစ်တယ်  ဆိုတဲ့စကားလေးတွေကိုတော့မမေ့ပါနဲ့နော်  လေးနက်မှုတွေအများကြီးပါခဲ့လို.ပါ
ချစ်သူလေးရေ
ကိုယ့်ကိုတခုလောက်ကူညီနိုင်မလား ကိုယ့်ကြောင့်စိတ်မညစ်ပါဘူးဆိုတဲ့ ဂတိကိုပေးလို့ရမလား
ကိုယ်လည်း မင်းစိတ်မညစ်အောင် လုပ်သင့်တာတွေ လုပ်ဆောင်သွားမှာပါ
ချစ်သူလေးရေ
အဝေးကနေ ဆိုပေမဲ့ အချစ်တွေက အမြဲရှင်သန်နေမှာပါ
ဒါကြောင့် အချစ်ဆိုတာကို ကိုယ်တို.နှစ်ယောက် အလေးနက်ထားရအောင်နော်
ချစ်သူလေးရေ
 ကိုယ်တို.အတွက် အလွမ်းတွေ မရှိချင်နေပါ သတိရခြင်းတွေကိုတော့
ကိုယ့်တို.နှစ်ယောက်စလုံး မမေ့ကြေးနော်
No comments:
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ
">Index'); document.write('
Blogger Widgets?max-results=10">Label 3
');
    ?max-results="+numposts4+"&orderby=published&alt=json-in-script&callback=showrecentposts5\"><\/script>");
Powered By Blogger
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
Sample Text
Pesquisar