အလွမ်းကဗျာ

Photo: အရူံးနဲ့ အလွမ်းကဗျာ


ခဏ ခဏ အရူံးတွေကိုချပြရတော့
ဘ၀က ကျိန်ဆဲတယ် ......
အလွမ်းတွေတစ်ပွေ့တစ်ပိုက်နဲ့
နင်လာရာလမ်းကို ငါမျှော်နေမိတယ်
မလာမှန်းလည်းသိရက်နဲ့စောင့်နေခဲ့မိတာ ငါရူးသွပ်မူ
တစ်ခုပေါ့
အလွမ်းတွေကို ချနင်းခဲ့တော့
ခဏခဏလည်း လမ်းမှားခဲ့ဖူးတယ်
လူတစ်ကာသတ်မှတ်ထားတဲ့
စကားလုံးအောက်မှာနေသားကျနေခဲ့လို့
သမားရိုးကျဘ၀မှာ
ငါနင့်ကိုလွမ်းခွင့်ပြုပါ.......ကောင်မလေးရယ်
ငါနငိ့ကို ချစ်တယ်
စကားလှလှကြားမှာ ငါ့မာနတွေ ပျောက်ဆုံးခဲ့တယ်
နင်မသိလိုက်တာပါ
နင်ချနင်းသွားတဲ့ ငါ့ မာနတွေကိုပေါ့.....
လှည့်ကြည့်ပါဦး
သုံးစားမရတော့တဲ့ ငါ့ရင်ခွင်ကြီးကိုပေါ့.....
တစ်လှမ်းချင်းလျှောက်လာခဲ့လို့
ဝေးမြဲ ဝေးခဲ့တာလား..?
အလွမ်းတွေတစ်ပွေ့တစ်ပိုက်နဲ့မို့ အရောက်နှေးခဲ့တာ
ပါ
တော်ပါတော့ ထားလိုက်တော့တဲ့
ပိုင်ဆိုင်ဘို့ချစ်ခဲ့တာမဟုတ်ပေမဲ့
စွန့်လွှတ်ဖို့ဆိုတာလည်း ခက်ခဲတယ်
မနေတပ်လို့ လွမ်းရရင်တောင်မှ
ကော်ဖီခါးခါးတစ်ခွက်လိုပေါ့ အလွမ်းတွေကလည်း ခါ
းမြဲ ခါးနေခဲ့တယ်
ဟိုးတစ်ချိန်ကလေလို့ပြောတိုင်း နင့်အကြေ
ာင်းလေးတွေက နိုးထလာတယ်
ခဏလေးပါဆိုပီး နင်ထွက်သွားတာပါ
လက်ပြနှုတ်ဆက်ချိန်တောင်မရဘူး
အမှတ်တမဲ့နဲ့ ခဏလေးအတွင်းမှာ
ခဏခဏ အလွမ်းဆိပ်တွေတက်လာတယ်
ငါမျှော်နေမယ်လို့မပြောပြလည်း
နင်ကြိုသိနေလောက်တယ်လို့ထင်ထားခဲ့မိတာပါ
ကလေးတစ်ယောက်ရဲ့ အတွေးလိုပေါ့
မနက်ဖန်အတွက် ငါဒီနေ့ကတည်းက ပိုလွမ်းနေချင်မိ
တယ်.....
အလွမ်းက ချပြထားတယ်
ငါ့ဘ၀ရဲ့ထင်ကျန်မဲ့ အလွမ်းပြတိုက်တစ်ခုပေါ့
အစိမ်းရောင်စကားတွေမရှိခဲ့တော့လည်း
ပေါက်ကွဲသံစဉ်တွေက ပျောက်ရှကုန်ခဲ့တယ်
မငိုတပ်တော့လည်း
အံကြိတ်ထားမိတယ် အရူံးရဲ့ ရလာဒ်က မကောင်းပေ
မဲ့
အရူံးထဲက အလွမ်းကိုမှငါမက်မောခဲ့မိတာပါ..........

   အညတရ ကောင်လေးကောင်းသောနုတ်ဆက်ခြင်းပါ
မငိုပါနဲ့ နှလုံးသားရယ်...
ရှောင်လွဲမရတဲ့ ကံကြမ္မာကို
ဘာအတွက်ကြောင့်များ
ခွင့်တုန့်ပြန်နေချင်ရတာလဲ...။
အခိုးအငွေ့လေးတွေကို
ဆုပ်ကိုင်လို့
ငါ...ရဲရဲဝံ့ဝံ့ ပြုံးပြနေဦးမှာပါ
မျက်လုံးထဲက အရည်တွေ
ခမ်းခြောက်သွားတဲ့အထိပေါ့...။
ဒါပေမယ်.လေ
နင်ရောက်နေတဲ့ အရပ်နေ
အပျင်းပြေနိုင်စေဖို့
အဆုံးသတ် မလှပတဲ့
ကာရံတွေ ရေးသီရင်း
ခပ်နွမ်းနွမ်း အလွမ်းသီးချင်းတစ်ပုဒ်လောက်တော့
ငါ...ဆိုညည်းနေပါရစေကွယ်...။
သြော်..ဒီညလည်း
အိပ်စက်ခြင်းကို
တစိမ်းဆန်ရအုံးမှာပါလား...။

Comments