အမှတ်တရလို့မထင်ပေမဲ့ တကယ်ကြုံလာတဲ့အခါမှာတော့ ဘာမှပြင်ဆင်ခွင့်မရလိုက်ခဲ့ဘူး
မတော်တဆ ခလုပ်တိုက်ပြီး အသဲကွဲသွားသူတစ်ယောက်....
တကယ်တော့အချစ်ဆိုတာ ဟင်းတခွက်မဟုတ်ပါဘူး အရသာ မစုံပေမဲ့
ခံစားမှုတမျိုးးထဲကိုက အရသာ ထက်ကျော်လွန်တဲ့ အဟာရ ဖြစ်နေပြန်ရော
ဘာဆိုဘာမှ မသိလိုက်ခင်မှာပဲ တိတ်တိတ်လေး စီးမျေသွားတဲ့ အရသာ
အချစ်ဆိုတာ သိုင်းတတ်ချင်သူကိုမှ ကဗျာတွေ သင်ပေးတတ်တဲ့ ဆရာတစ်ဆူလို
ဂျွန်းထိုးမှောက်ခုံ ပညာတွေပေးတတ်ပြန်တယ်
အချစ်ဆို မြစ်တစ်စင်းတဲ့ သူများပြောတာကြားဖူးပါရဲ့ အချစ်စမ်းရေ တဲ့ အချစ်ရေစင်တဲ့
ဒါတွေနဲ.နှိုင်းယှဉ်တော့လည်း ကိုယ်တိုင်က ရေးမကူးတတ်တဲ့လူတစ်ယောက် အနေနဲ့
အချစ်ဆိုတာကို ကြောက်တတ်ပြန်ရော....
ကျွန်တော်သိတဲ့အချစ်က ရယူခြင်းပိုင်ဆိုင် ခြင်းတွေ မပါတာ မဟုတ်ပါဘူး
သေချာတွေးကြည့်တော့ တိတ်တိတ်လေး ပိုင်ဆိုင်ချင်ပြန်ရော ဒါနဲ့ပဲ ပေးတိုင်းပြန်မရာတာ အချစ်ဖြစ်ပြန်ရော
ကျွန်တော်သိတဲ့အချစ်ကို ကဗျာတစ်ပုဒ်အဖြစ်ရေးချမိလိုက်ပြန်တော့......?????????
တခါတလေ အချစ်ဆိုတာ
များပျားနေနတဲ့ မင်းဆီက အဖြေကိုတောင်းခံတဲ့လူထဲမကြည့်ပါနဲ.
မင်းကို ချစ်တယ်လို့ပြောဘို.အားအင်တွေမွေးနေတုန်းပါပဲ
အကြည့်ခြင်းဆုံဖူးလားလို့ မတွေးပါနဲ.
မင်းမသိတဲ့ကွယ်ရာကနေ တိတ်တဆိတ်လေးကြည့်နေတာကိုပဲ မ၀ံ့မရဲ ဖြစ်နေခဲ့သူပါ
အချစ်ဆိုတာ အများအတွက်မသိပေမဲ့ ငါ့အတွက်တော့ ဘ၀ တစ်ခု အပါအ၀င်ဖြစ်ခဲ့လို.
မင်းကို ပိုင်ဆိုင်ဘို.မပြောနဲ. မင်းကိုချစ်တယ်လို့တောင် မပြောရက်တဲ့ ဘ၀ပါ
ဒါကြောင့်မင်းမသိအောင် ချစ်နေတာကလည်း အချစ်ပဲမဟုတ်လား နတ်သမီးလေးရယ်
No comments:
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ