လွမ်းရေ……
လွမ်းလိုက်တာ…
မာယာတွေဝေနေအောင်
ပန်ထားတဲ့အပြုံးနဲ့ နင်
ပြန်လာမယ် ပုံပြောခဲ့တဲ့လမ်းလေး
ပင်လယ်နှုတ်ခမ်းဘေးက မြို့လေးမှာ
ငါ ကြွေနေတုန်းပဲလေ……
လွမ်းရေ……
နွမ်းလိုက်တာ……
ကုန်ကြမ်းတစ်ပုဒ်အတွက်
ပေးဆပ်လိုက်ရတာ နှလုံးသားတစ်ခုလုံး
အပြာရောင်စက္ကူထောင့်စွန်းက
မျက်ရည်တစ်ကွက်
ဒါ ငါ့ကဗျာရဲ့ နက်ရှိုင်းမှု ရှိုက်သံလေ……
လွမ်းရေ……
မောလိုက်တာ……
ပဲ့ကြွေသံမဲ့ နှလုံးသားအကြေနဲ့
ဖွဲ့သီထားတဲ့ အလွမ်းတေး
ဟိုး…အဝေးက ငါ……
တိတ်တိတ်လေး ဆိုနေမယ်လေ……
လွမ်းရေ……
ခက်လိုက်တာ……
သွေးချင်းချင်းနီခဲ့တဲ့
အတိတ်တွေကို ခုတ်လှဲဖို့
တခုတ်တရအနမ်းတွေကို
မေ့ပစ်ရမယ်……သတိရတိုင်း
ပွင့်တတ်တဲ့ မျက်ရည်စတွေကို
သုတ်ပစ်ရဦးမယ်လေ……
လွမ်းလိုက်တာ…
မာယာတွေဝေနေအောင်
ပန်ထားတဲ့အပြုံးနဲ့ နင်
ပြန်လာမယ် ပုံပြောခဲ့တဲ့လမ်းလေး
ပင်လယ်နှုတ်ခမ်းဘေးက မြို့လေးမှာ
ငါ ကြွေနေတုန်းပဲလေ……
လွမ်းရေ……
နွမ်းလိုက်တာ……
ကုန်ကြမ်းတစ်ပုဒ်အတွက်
ပေးဆပ်လိုက်ရတာ နှလုံးသားတစ်ခုလုံး
အပြာရောင်စက္ကူထောင့်စွန်းက
မျက်ရည်တစ်ကွက်
ဒါ ငါ့ကဗျာရဲ့ နက်ရှိုင်းမှု ရှိုက်သံလေ……
![Photo: (") ကိုယ်တိုင်မသိတဲ့ အလွမ်း (")
အချစ်ဆိုတာ
အရိပ်နေနေ
အခက်ချိုးချိုး
လုပ်ခွင့်ရှိတာမျိုးမှ
မဟုတ်ခဲ့တာ ချစ်သူ ...။
စိုက်သည့်အတိုင်း
ရိတ်ခွင့်ရှိတဲ့
ပန်းပျိုးလက်ကို
ဥပက္ခာပြုရင်
အလွမ်းတွေ
ဝေသွားနိုင်တယ်...။
ဟုတ်လို့ကျော်
ပုပ်လို့ပေါ်တဲ့
သတိရစိတ်ကြောင့်
ရင်နှင့်မဆန့်အောင်
နှလုံးအိမ်မှာ
နူးညံ့စွာ အမြစ်တွယ်လျက် ...။
အရှုံးအမြတ်တွက်ရင်
အချစ်စစ်ဆိုတာ
အသာမရပေမယ့်
ကိုယ်ကျေနပ်ရင်တော့
အိပ်မက်တိုင်းဟာ
နိဗ္ဗာန်ပါပဲ..။
လွမ်းနေရင်
လွမ်းနေတယ်မှတ်လို့
သတိလေးကပ်ပြီး
နေ့ရက်တိုင်း
ကိုယ့်ကိုယ်ကိုမှာ
ကိုယ်တိုင်မသိစွာနဲ့
ပျော်ဝင်နေလေရဲ့ ...။
@[1:2048:]wilson](https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn2/p480x480/971866_346132182156365_611960919_n.jpg)
မောလိုက်တာ……
ပဲ့ကြွေသံမဲ့ နှလုံးသားအကြေနဲ့
ဖွဲ့သီထားတဲ့ အလွမ်းတေး
ဟိုး…အဝေးက ငါ……
တိတ်တိတ်လေး ဆိုနေမယ်လေ……
လွမ်းရေ……
ခက်လိုက်တာ……
သွေးချင်းချင်းနီခဲ့တဲ့
အတိတ်တွေကို ခုတ်လှဲဖို့
တခုတ်တရအနမ်းတွေကို
မေ့ပစ်ရမယ်……သတိရတိုင်း
ပွင့်တတ်တဲ့ မျက်ရည်စတွေကို
သုတ်ပစ်ရဦးမယ်လေ……
No comments:
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ