Pages

Thursday, August 15, 2013

ဒီလိုမိန်းမမျိုးတွေကို အထူးရှောင်ကျဉ်သင့်ပါတယ်..။

၁..။ ချစ်သူတို့သဘာဝ အပြင်ထွက်သွားလာစားသောက်တဲ့အခါ
မြင်မြင်သမျှလက်ညိုးထိုးပူဆာတတ်တဲ့မိန်းမ။
(ရှိသမျှပြောင်လိမ့်မည်..။မတတ်နိုင်သောအခါသင်ကျန်ရစ်ဖြစ်လိမ့်မည်..။ )
၂..။မိမိထက်လှသူ ဘေးကများဖြတ်လျှောက်သွားသောအခါချစ်သူကောင်လေးကမသိမသာဖြစ်စေ၊
သတိလက်လွတ်၍ သိသိသာသာကြီးဖြစ်စေ လိုက်လံငေးမောကြည့်မိသောအခါလူရှေ့သူရှေ့
မရှောင် ဆွဲဆိတ်ထုနှက်ရိုက်ပုတ်တတ်သောမိန်းမ..။(အရှက်ကွဲလိမ့်မည်..။
လူ့အခွင့်အရေးဆူံးရှုံးသွားသည်ဟုသင်မကြာခဏခံစားရလိမ့်မည်)
၃..။ နေရာဒေသမရွေး၊လူသူလေးပါးမရှောင်လွန်ကဲစွာ ချိုအီချွဲနွဲ့
ပြောဆိုဆက်ဆံတတ်သောမိန်းမ
(အစပိုင်းကာလတွင်မတော့သင့်အတွက်သာယာကောင်းသာယာနာပျော်ဖွယ်ဖြစ်လိမ့်မည်.။
သို့သောကြာလေကြာလေ
စိတ်ပျက်စရာကောင်းလေ၊သူစကားလာပြောမှာကိုတောင်သင်စိုးရွံလာလိမ့်မည်..
၊မူးချင်သလိုအန်ချင်သလိုလိုခံစားလာရလိမ့်မည်)
၎..။သင့်စကားတစ်လုံးအားဖင်ပြန်ခေါင်းပြန်တွေးကာအခဲမကြေတစ်နုံ့နုံ့နှင့်
သတိရလျင်ရသလို
စကားနာထိုးနားကိုနှိပ်စက်တတ်သောမိန်းမ
(သင်ဘယ်လောက်ရှင်းပြရှင်းပြ ။ရှင်းလေရှုပ်လေဖြစ်ကာ သင်ပဲတိုင်ပတ်
တစ်ပတ်ခုနှစ်ရက်ချော့ ရလိမ့်မည်)
၅..။သင်နှင့်တွေ့ဆုံသည့်အခါတိုင်းသူမအကြောင်းထက်သူတစ်ပါးအကြောင်းကို
ဟုတ်တာရောမဟူတ်တာပါ
တစ်တွတ်တွတ်ပြောတတ်သောမိန်းမ
( ဆက်လက်လက်တွဲပါက စကားရှုပ်တတ်သောသူမအတွက်
သင်ရှေ့နေကောင်းကောင်း လိုအပ်လာပါလိမ့်မည်)
၆..။ ရုပ်ရှင်ကြည့်ရန် ပွဲကြည့်ရန် Live show ပွဲတွေကြည့်ရန်ဝါသနာ
အလွန်ပါသော်လည်း
စာဖတ်ရန်
လုံးဝ ဝါသနာမပါသောမိန်းမ
(သင့်နံဘေးမှာရှိသောအမျိုးသမီးလေးသည် မည်မျှပင်ချောမောလှပနေစေကာမူ
စာဖတ်နည်းသည့်အတွက် အပေါ်ယံရွှေမှုန်ကြဲအထဲကနောက်ချေးခံ
အလှမျိုးသာဖြစ်လိမ့်မည်..။ )
ရ..။တစ်နေ့တာဖြစ်ပျက်သမျှ.၊အိပ်ရာထမှအိပ်ရာဝင်သူမမည်သူနှင့်မည်သည့်စကားပြောသည်
မည်သည့်အရာစားသည်.။
တစ်နေ့တစ်နေ့မရိုးသောပြဿနာပေါင်းစုံအား သင့်စိတ်အခြေအနေကိုမမေး
သူချည်းသာတစ်တွတ်တွတ်ပြောတတ်သောမိန်းမ
( အဓိပါယ်ကတော့ မျှဝေခံစားသည်ဟုမည်သော်လည်းမလိုအပ်သော
ကိစ္စတော်တော်များများကိုနေ့စဉ်ကြားလာရသော
အခါအတော်စိတ်ပျက်စရာကောင်းလာပါလိမ့်မည်)
၈..။ ဆေးလိပ်မသောက်ရ၊အရက်မသောက်ရ၊KTV မသွားရ၊CLUB မတက်ရ
ဟုချုပ်ချယ်တားမြစ်သည်မှာမှန်သော်လည်း .ဘောလုံးပွဲမကြည့်ရ၊Game
မကစားရ၊သူငယ်ချင်းများနှင့်မသွားမလာရဟုတားမြစ်တတ်သောမိန်းမ
(ယောင်္ကျားလေးတိုင်းအထက်ဖော်ပြပါအရာများအားလုံးနှင့်မကင်းသူများရှိသလို.
အချို့နှင့်မကင်းသူများလည်းရှိသည်..လုံးဝကင်းကွာနေ
နိုင်သူတစ်ယောက်မှမရှိဟုထင်ပါသည်..။ မလိုအပ်ပဲတားမြစ်ပိတ်ပင်သောကြောင့်သင့်စိတ်
ထောင်ကျ သလိုခံစားလာရလိမ့်မည်)
၉..။ သင့် ညီမ. ၊ အမ ၊အမေအဒေါ်များနှင့်ပင်သွားလာစားသောက်သည်ကို
သိပါကသင့်ကိုရန်ရှာစိတ်ကောက်တတ်သောမိန်းမ။
တစ်လောကလုံးတွင်သူမမှလွဲ၍မည်သည့်အမျိုးသမီးကိုမှဦးစားပေးမဆက်ဆံစေချင်သော
မိန်းမ
(သင့်ဘဝတစ်သက်တာလုံး စိတ်ကျဉ်းကျပ်စွာနေထိုင်သွားရပါလိမ့်မည်)
၁၀..။သင်နှင့်စိတ်အခန့်မသင့်တိုင်းသင့်မကောင်းကြောင်းမှန်သမျှကိုသင့်မိသားစု၊သူငယ်ချင်းများအား
လိုက်လံတိုင်ကြားပြောဆိုတတ်သောမိန်းမ
(သင်ထိုမိန်းမအားလက်ထပ်ပေါင်းသင်းမိပါကသင်တစ်သက်တာ
ဂုဏ်သရေယုတ်လျော့ကာသင့်လုပ်ငန်းများတွင်
သင်ပြောသမျှမအောင်မြင် လူအထင်သေးခံ ရဖွယ်ဖြစ်ပါလိမ့်မည်)

No comments:

Post a Comment

မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်

လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ

">Index'); document.write('

Blogger Widgets?max-results=10">Label 3

');
    ?max-results="+numposts4+"&orderby=published&alt=json-in-script&callback=showrecentposts5\"><\/script>");
Powered By Blogger

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Sample Text

Pesquisar