မိန်းမတွေဆိုမြဲဆိုနေသည့် သစ္စာစကား
။ကောသလမင်းကြီးက သူမိဖုရားခေါင်ကြီးကို အသေချစ်ဆိုပဲဗျ..(သေသွားတာတောင်
မပုတ်မသိုးအောင်ထားပြီးချစ်တာကိုကြည့်ပြီး ယုံနိုင်လောက်စရာပါ)ဇာတ်ကြောင်းဖတ်ဖူးတာထက် ပိုညွှန်းရရင် သူ့မိဖုရား
ခေါင်ကြီးရဲ့ ခန္ဓာကိုယ်ပေါ်ကို လာနားတဲ့”ယင်”ကိုတောင် ပုရောဟိတ်ကြီးတွေခေါ်ပြီး အထီးလား အမလားခွဲခြားခိုင်းသတဲ့
(အထီးဆိုရင် သရေကွင်းနဲ့ပစ်သတ်စေပေါ့ဗျာ)အဲလောက်အောင်ကို ချစ်ပြတာပေါ့..(ကျွန်တော်တို့ခေတ်လူငယ်တွေက
လည်းချစ်ပြတတ်ပါတယ် ဘီယာသောက်ချစ်ပြရမလား…ဗိုက်ကွဲခံသောက်ပြီးချစ်ပြလိုက်မယ်လေနော်..)တစ်နေ့ပေါ့…
အဲနေ့က ဘုရင်ကြီးပေါက်ကွဲတဲ့နေ့ပေါ့….ဘာကြောင့်လဲသိလား….မိဖုရားခေါင်ကြီးက သူ့အချစ်တော်အဖြစ်မွေးထားတဲ့
ဆိတ်သိုးကြီးနဲ့…ရေချိုးခန်းထဲမှာ…ဟီးဟီးဟီးးး…’မချစ်ဘူးလားချစ်မှာလား ရင်ခုန်သံနဲ’့မေးနေတာကို….ဘုရင်ကြီးက
မြင်သွားတယ်တဲ့..အဲဒိတော့ပေါက်ကွဲတာပေါ့(ခွေးအချစ်တော်တွေသတိထားနော်)..တနလာင်္သားစိတ်ဆတ်တဲ့ ဘုရင်
ကြီးက အောင့်အီးမနေပဲ(တကယ်ချစ်တဲ့သူတွေက အဲလိုပဲဟန်မဆောင်တတ်ဘူး)”မင်း…အဲဒါ….ဘာသဘောလဲ”
ဘာညာ နေကြာကွာစေ့..ဆိုပြီးကြေကွဲဒေါသတွေနဲ့မေးမြန်းတော့…လာပြီ လာပြီ..မိဖုရားကြီးရဲ့ တော်ကီတွေ…(တို့
လည်းသတိထားနော် သူငယ်ချင်းတို့ရေ)”ကိုကိုကလည်း….ကိုကိုထင်သလိုမဟုတ်ရပါဘူးကွယ်..ကိုကိုအမြင်မှားတာ
ပါအချစ်ရယ်….တကယ်တော့လေ…ကိုကို့အသည်းလေးက ဆိတ်ကြီးကိုရေချိုးပေးနေတာပါ…ကိုကိုကလွဲရင် အ
သည်းလေးဘ၀မှာ အားလုံး ဖွဲနဲ့ဆန်ကွဲပါ ကိုကိုရယ်နော်…စိတ်မဆိုးပါနဲ့..”ဟု ညုညုတုတု ခရာနွဲ့နွဲ့လေးပြောတော့
ဘုရင်ကြီးစိတ်ထဲမှာ တင်းထားတာတွေ နည်းနည်းပြေသွားတယ် အကုန်မပြေသေးဘူး..(သတိထားကြနော် ကိုယ့်လူ
တွေ)..အဲဒီလိုမပြေသေးတာကိုရိပ်မိတဲ့(ကိုယ့်ချစ်သူ’ဘဲ’အကြောင်းကို သိတဲ့)မိဖုရားကြီးက အတွန့်လေးတစ်ချက်ကွန့်
ပြီးသူ့အမှားကိုဖုံးဖို့ကြိုးစားတော့တာပဲ..ဒီလိုဗျ.။.”ဘာလဲ…?ကိုကိုက အသည်းကိုမယုံဘူးလား ရတယ် ကိုကိုမယုံရင်
ယုံအောင်ကျိန်ပြမယ်..”ဟုဆိုကာ ရင်တထိတ်ထိတ်ဖြစ်ပေမဲ့..အို….ဖြစ်ရင်လည်းနောက်ဘ၀မှာဖြစ်တာပဲ ဒီဘဲကြီးယုံ
အောင်တော့ကျိန်ပြရမယ်..ဟု mood သွင်းပြီး…”ကျွန်မဘ၀မှာ ကိုကိုဘုရင်ကြီးကလွဲပြီး ဘယ်လိုလူနဲ့မှမဖောက်ပြန်ခဲ့
ပါဘူး..”ဟုအစချီတော့…ဘုရင်ကြီးက…လူမဟုတ်ဘူး ဆိတ်ဆိတ်လို့ သတိပေးလိုက်တယ်..။မိဖုရားကြီးကလည်း..”
ဂျိုပါတဲ့ဆိတ်အပါဝင် ဘယ်လိုသက်ရှိနဲ့မှ မဖောက်ပြန်မိပါ..ဖောက်ပြန်မိပြီးလိမ်လည်ပါက..အ ဟမ်း ဟမ်း( လိမ်တဲ့သူ
တွေက အဲလိုပဲ အရေးကြီးတဲ့နေရာရောက်ရင်ချောင်းဟန့်တတ်တယ်)နောက်ဘ၀မှာ နွားချေးပိုး ဖြစ်ရပါစေလို့..” ကျိန်
ပြလိုက်တယ်..(အဲဒီကတည်းက အကျင့်တွေက အခုခေတ်ထိသုံးနေကြသေးတယ် ဟီး)ဒေါသဖြစ်နေပေမဲ့…အချစ်ကြီး
တဲ့ ဘုရင်ကြီးကလည်း ယုံသွားတယ်(မဟုတ်ရင် နောက်ဘ၀ကျ သူခံရလိမ့်မယ်ဆိုတဲ့ ဖြည်ဆည်ရာလေးနဲ့ပေါ့)….မိဖု
ရားကြီးကတော့ ရင်တထိတ်ထိတ်နဲ့ ဘယ်တော့သေမလဲမသိဘူး…ငါတော့သေရင် နွားချေးပိုး ဖြစ်ရတော့မယ်..ဆိုပြီး
စိတ်မသက်မသာနဲ့နေလာတာ(၇)ရက်လောက်ကြတော့ အနိစ္စသဘောနဲ့ ကိစ္စချောပါလေရော..။(အခုခေတ်ကောင်မ
လေးတွေသတိပြုရမှာပါ…ကိုယ့်ကိုထိခိုက်စေမဲ့ ကျိန်ဆယ်တာမျိုးကိုမလုပ်သင့်ပါဘူး…တကယ်လို့ကိုယ်က အမှားလုပ်
ထားတာမှန်ရင် အတိအလင်းဖွင့်ပြောပြီး တောငိးပန်သင့်တောင်းပန်….ဒါမှမဟုတ်ရင်လည်း ဆွေးနွေးသင့်ပါတယ်
ကျိန်ပြမှရလာမဲ့ အမှန်တရားဆိုတာ မသန့်ရှင်းနိုင်ပါဘူး..)အဲဒိလိုသေလဲသေရော…သူ့ကျိန်စာအတိုင်း..တကယ်ကိုနွား
ချေးပို့သွားဖြစ်တယ်…(သူကတကယ်ကို ဆိတ်ကြီးနဲ့ပျော်ပါးမိတာကိုး။ ရာဂစိတ်ကိုမထိန်းရင် ယောကျာင်္းကော မိန်းမ
တွေပါ ခွဲခြားမှုမရှိ…မလုပ်သင့်တာလုပ်မိတတ်ကြပါတယ်..)ဒီအကြောင်းတွေကို မြတ်စွာဘုရားရှင် ကနေတဆင့်ကြား
သိသွားရတဲ့ ဘုရင်ကြီးဟာ…”အချစ်ဆိုတာ ချစ်တဲ့သူကော အချစ်ခံရတဲ့သူအတွက်ပါ..ကောင်းကျိုးတွေလည်းပေးနိုင်
တယ်…။မကောင်းကျိုးတွေလည်းပေးနိုင်တယ်…။အဲဒီအကျိုးတွေကို လိုလည်းမလိုချင်တော့ဘူး..တောင်းလည်းမ
တောင်းမိအောင်..ငါလုပ်မယ်ဆိုပြီး..ဘုရားရှင်ဆီမှာ.ဖြစ်လေရာဘ၀တိုင်းမှာ…မချစ်တတ် မမုန်းတတ်သောသူ..ဖြစ်ရ
လိုပါ၏..”ဟုဆုတောင်းလိုက်ပါသတဲ့ဗျာ…။
ဒီစာလေးရဲ့ရည်ညွှန်းရာလေးကတော့…အခုပြောပြတဲ့ရာဇ၀င်လေးကိုအစထားပြီး(အဲလိုဇာတ်အကြောင်းတွေ ငါးရာ
ငါးဆယ်နိပါတ်တော်မှာ အများကြီးရှိပါသေးတယ်) ဒိုင်ဂျက်..လုပ်ရရင်တော့…မိန်းမတွေ ဆိုဆိုနေသည့် သစ္စာတရား၏
သဘောတို့မှာ….မုသား၏အဖျားစွန်းခတ်တွေပါနေတတ်တာကို သတိထားမိပါတယ်…)အပြင်မှာလည်း ပတ်ဝန်းကျင်
အတွေ့အကြုံတွေနဲ့ တွေ့ဖူးကြုံဖူးရပါတယ်…။
မိန်းမတွေမကောင်း…ဟုမဆိုလိုပါ…။တော်ဝင်မိန်းမအမျိုးအစားတွေလည်းရှိနိုင်ပါသည်..။သို့သော်…..သို့သော်မျှသာ
ဖြစ်ပါသည်….။ခေတ်လူငယ်တစ်ယောက်မို့ ပြောပြချင်မိသည်….ခေတ်လွန်မိန်းကလေးတွေအားလုံးတစ်နေ့ မိခင်
သော်လည်းကောင်း…ကြီးတော်..ဒွေးတော်သော်လည်းကောင်း…အားလုံးအုပ်ထိန်းသူတွေအဖြစ်တော့ ရရှိလာမှာမလွဲ
ပါ…ထိုသို့သောနေရာမျိုးရာက်သည့်အခါ ငယ်ငယ်က(မိဖုရားကြီးလိုနောက်ဘ၀မှဖြစ်မှာပဲဟုမတွေးသင့်ပါ)အရိပ်မဲတွေ
၏ လောင်းရိပ်ကိုအမိမခံစေချင်ပါ…။လွတ်လပ်ခြင်းသည် ကိုယ့်အတွက်အဆိပ်တစ်ခွက်ဖြစ်နေပါက…ပျားရည်လိုသ
ဘောမထားသင့်တာကို ခံယူလျှင် အကောင်းဆုံးသော…ခံယူချက်ဟု ထောက်ခံပေးမိသလို…မိမိဆိုသော..သစ္စာစကား
သည်လည်း ပျားရည်စက်များဖြစ်ပါစေလို့ ဆန္ဒြပုလိုက်ပါတယ်….ဗျာ…။
မှားတဲ့နေရာတွေကိုထောက်ပြနိုင်ပါတယ်…။
Thursday, August 15, 2013
Subscribe to:
Post Comments (Atom)
အမျိုးအစား
- ၀တ္ထုများ (8)
- flash song (7)
- sorfware (12)
- ကဗျာများ (10)
- ကွန်ပြူတာပိုင်း (1)
- ကျနော်နှင့်ပါတ်သက်သမျှ (3)
- နည်းပညာ (10)
- ဖုန်းပိုင်းဆိုင်ရာ (7)
- သတင်း (2)
- သီချင်း (24)
- အချစ်စာလွှာ (69)
- အချစ်ပုံများ (2)
- အလွမ်း (3)
- ကြော်ငြာ (4)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
No comments:
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ