(၁) ငြင်းခုန်ရန်ဖြစ်ချိန် ခေါင်းငုံ့အရှုံးပေးချင်ပေမယ့် တင်းခံပြီးပြန်ငြင်းတတ်သူ
(၂) ချစ်သူရဲ့ ကတိသစ္စာတွေကို နှလုံးသားပေါ်မှာ ထွင်းထားပေမယ့် “ကျွန်မကို ချစ်မိတာ နောင်တမရဘူးလား” လို့ လိုက်မေးတတ်သူ
(၃) လမ်းဖြတ်ကူးတဲ့အချိန် ကိုယ့်ရဲ့ ခြေလှမ်းအတိုင်း လိုက်လှမ်းချင်တဲ့သူ
(၄) ကိုယ့်ရဲ့ရှေ့မှာ မလှဆုံး ချစ်စရာမကောင်းဆုံး ဖြစ်မှာကို စိုးရိမ်တတ်သူ
(၅) လေပြင်းမုန်တိုင်းကျနေပါစေ ကိုယ့်ရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ပြီး ကျော်ဖြတ်ရဲသူ
(၆) အချက်အပြုတ်မတတ်ဘဲ မီးဖိုတစ်ခုလုံးကိုမွှေနှောက် ကိုယ့်ကို ကိုယ်တိုင်ချက်ကျွေးချင်တဲ့သူ
(၇) ဗေဒင် လက္ခဏာတွေတွက် ယတြာတွေလိုက်ချေပြီး ကိုယ်နဲ့ ပေါင်းဖက်ရအောင်လုပ်သူ
(၈) ကိုယ့်ကို တစ်နေ့မမြင်ရရင် နံရိုးတစ်ချောင်းလျော့နေယ်လို့ထင်သူ
(၉) ကိုယ်မောပန်းတဲ့အချိန် စိတ်ညစ်တဲ့အချိန်မှာ ရင်ခွင်ထဲ ထွေးပွေ့ပြီး နှစ်သိမ့်တတ်သူ
(၁၀) ပျော်ရွှင်မှုတွေကို နွေးထွေးတဲ့အနမ်းနဲ့ မျှဝေပေးတတ်သလို စိတ်ညစ်ဝမ်းနည်းမှုတွေကို မျက်ရည်နဲ့အတူ ကိုယ့်ကို ရင်ဖွင့်တတ်သူ

Comments
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ