ကောင်မလေးတစ်ယောက်ရွေးချယ်သင့်တဲ့ ချစ်သူဆိုတာ …
၁)မိုးသက်လေပြင်းကျချိန် ချစ်သူ စိုမှာ စိုးလို့ 
အကာအကွယ်ပေးပြီးလိုက်မိုးပေးသူ.
..
(လိုအပ်ရင် အကျီင်္လေးပါချွတ်ပေးလို့ ကာမိုးပေးသူ…)
၂)သူ့ လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့ မှုတွေ အဝေးကို ပြေးစေသူ…
(ဘယ်လောက်ပဲ ဇောချွေးပူလို့ သူ့ မှာသောကတွေများနေပါစေ သူ
့လက်တစ်စုံနဲ့ ကိုယ့်ကိုအင်အားတွေပေးစေသူ …)
၃)ချမ်းအေးတဲ့  ဆောင်းမနက်ခင်းမျိုးမှာ ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ…
(လိုအပ်ရင် ရင်ခွင်ထဲ ဆွဲပွေ့ ပေးထားတတ်သူ…)
၎)ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံအဖြစ်
အသင့်ရှိနေသူ…
(မင်းမျက်ရည်ကျတာကိုယ်မမြင်ချင်ဘူးကွာဟုတားမည် ။…သို့ သော်လိုအပ်လာလျှင်
သူ့ ပုခုံးနှစ်ဘက်ကိုအသင့်ပြင်ပေးထားသူ… Cry on my shoulder…လို
့ပြောတတ်သူ…)
၅)Avril lavigne မဟုတ်ပေမယ်လဲ မင်းသီချင်းဆိုတာလေးက အရမ်းနားထောင်လို့ 
ကောင်းတယ်လို့ ကိုယ့်ကိုကျေနပ်အောင်ပြောပေးတတ်သူ …
၆)Romance moviesတွေကိုကြိုက်သော်လည်း ကိုယ်နှစ်သက်တဲ့ 
harry potter ကားမျိုးကို မပျင်းမရိလိုက်ကြည့်ပေးတတ်သူ …
၇)ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့ အတူ စိတ်ရှည်လက်ရှည် လိုက်ရေတွက်တတ်သူ…
(တခါတရံကောင်းကင်ယံက ဒဏ္ဍာရီချစ်မောင်နှံ ခွန်စံလောနဲ
့နန်းဦးပြင်ကြယ်လေးအကြောင်းပါ
စိတ်ဝင်စားဖို့ ကောင်းအောင် ပြောပြပေးတတ်သူ …)
၈)ကိုယ်မွေးနေ့ ကိုမှတ်မိပြီး မှတ်မှတ်ရရ အမှတ်တရတွေဖန်တီးပေးတတ်သူ…
(သူများနဲ့ မတူပဲ ကိုယ့်ရင်ကို လှုပ်ခတ်နိုင်မဲ
့လက်ဆောင်မျိုးပေးနိုင်အောင် ဖန်တီးတတ်သူ …)
၉)ငါဒီလောက်ဆိုးတာနင်ဘာလို့ ချစ်တာလဲလို
့မေးတိုင်း..ဆိုးတာလေးကိုပဲချစ်တာဟု ပြုံးကာဖြေတတ်သူ…
၁၀)မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ…
(ဆွေးမျိုးမေ့အောင်ကောင်းပါတယ်ဟေ့ လို့ …တခါတခါ
ဝမ်းသာအောင်ပြောပေးတတ်သူ …)

Comments
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ