Pages

Thursday, August 15, 2013

ဂျီကျတတ်တဲ့ ချစ်သူရဲ့ အမော

သမီး သူ့ကို အရမ်းချစ်ပါတယ်။ နှစ်နှစ်ပြည့်ခါနီးမှာတော့ နေ့တိုင်းနီးပါး ရန်ဖြစ်ကြပါတယ်။ သူ့ကို စိတ်ထဲက မပါဘဲနဲ့ ပြတ်ပြီလို့လည်း သမီးက ခဏခဏ ပြောပါတယ်။ ဒါပေမယ့် သူ အဲဒါတွေ သည်းခံခဲ့ပါတယ်။ အဲဒါတွေကြောင့် သမီး သူ့ကို ပိုချစ်ခဲ့ပါတယ်။
သမီး အဲလို လုပ်တာတွေက လွဲရင် သူ့ကို ဂရုလည်း စိုက်ပါတယ်။ သစ္စာလည်း ရှိပါတယ်။ သမီး ဘဝမှာ သူတစ်ယောက်တည်းပဲ ရှိတယ်လို့ သတ်မှတ်ထားတာပါ။ ဒါပေမယ့် သူက သမီးကို နားမလည်ဘူး၊ သမီး ဆိုးတယ်လို့ပဲ ပြောနေတယ်။ နောက်ဆုံး ရန်ဖြစ်တဲ့ နေ့က သူ့ပါးကို ရိုက်လိုက်မိပါတယ်။ သူ အရမ်း နာကျည်းသွားတယ်။ နောက်နေ့ကျတော့ သူ ဖုန်းဆက်ပြီး သမီးကို ပြောတယ် သူတစ်ယောက်တည်းပဲ နေချင်ပြီတဲ့။ သူ့ကို စိတ်ဒဏ်ရာတွေ ခဏခဏ ပေးတယ်တဲ့။ ခဏ လောက် ခွဲနေကြရအောင်တဲ့။ သူက အဲလိုပြောတော့ သမီး သိပ်ကို ချောက်ချားသွားပါတယ်။ အဲဒါနဲ့ သူ့ကို ချိန်းပြီးတော့ သူ့ကို တောင်းပန်ပါတယ်။ ဒါပေမယ့် ဘယ်လိုမှ မရတော့ပါဘူး။ နောက်နေ့လည်း ငိုပြီးတော့ သမီး အားလုံး ပြုပြင်ပါ့မယ်၊ နောက် မဆိုးတော့ပါဘူး။ မကြိုက်တာတွေလည်း မလုပ်တော့ပါဘူး၊ သူ စိတ်ချမ်းသာစေရပါမယ်လို့ ပြောပေမယ့် မရတော့ပါဘူး။
သမီး သူ့ကို နည်းမျိုးစုံနဲ့ ခခယယ တောင်းပန်ပါတယ်။ သမီး ဘဝကိုလည်း အားလုံး ပေးထားပြီးပြီ၊ သမီးကို မစွန့်လွှတ် သွားပါနဲ့လို့ ပြောတော့ သူက အရမ်းကို စိတ်ပင်ပန်းနေပြီ အားလုံးကို ဂရုမစိုက်ဘဲ ထွက်သွားချင်နေပြီလို့ ပြောပါတယ်။ သမီးကို စိတ်ပျက်စိတ်ကုန်သွားပြီတဲ့။ အရင်လို သမီးကို ချစ်နိုင်မှာ မဟုတ်တော့ဘူးတဲ့။ သူ့ကို မေ့လိုက်ပါတဲ့။ သမီးတို့ကိစ္စ ဘယ်လိုလုပ်မလဲလို့ မေးတော့ သူက သည်ကိစ္စကြောင့် သူ့ကို အခုလို ပြောနေတာပါ အဲလို မဟုတ်ရင် သူ့ကို အရေးတောင် စိုက်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ သူ သမီးကို နားမလည်ဘူး။
သူ့ကိုလည်း မခွဲနိုင်ဘူး သမီးဘဝပေးထားတဲ့ကိစ္စကိုလည်း စိုးရိမ်တယ်။ အခု သူ သမီးကို ထားသွားပါပြီ။
သည်စာလေးကို အကြောင်းပြုပြီး မန္တလေး FM မှာ မနှစ်က ဆွေးနွေးထားတာလေးကို ပြန်တင်ပေးထားပါတယ်။ နားဆင်တော်မူကြည့်နိုင်ကြကြောင်းပါ။
ဒီနေရာကနေ နားဆင်နိုင်ပါသည်;

No comments:

Post a Comment

မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်

လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ

">Index'); document.write('

Blogger Widgets?max-results=10">Label 3

');
    ?max-results="+numposts4+"&orderby=published&alt=json-in-script&callback=showrecentposts5\"><\/script>");
Powered By Blogger

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Sample Text

Pesquisar