Pages

Wednesday, August 14, 2013

အချစ်အဓိပ္ပါယ်ဖွင့်ဆိုချက်များ.

1. အချိုမြိန်ဆုံးပျော်ရွှင်မှု၊ အကြမ်းတမ်းဆုံးပူဆွေးမှုဟာ အချစ်ပဲ (Bailey)
အချစ်ဆိုသောအရာဟာ အချိုမြိန်ဆုံးသော ပျော်ရွှင်မှုကိုလည်းဖန်တီးပေးပါလိမ့်မယ်….
အကြမ်းတမ်းဆုံးသော ပူဆွေးမှုကိုလည်း တစ်ပါတည်း သယ်ဆောင်လာပါလိမ့်မယ်…….
2. ကွန်ုပ်တို့ရဲ့ အရင်ဆုံးနဲ့နောက်ဆုံး အချစ်ဟာ ကိုယ့်ကိုကိုယ် ချစ်ခြင်းပါပဲ(Bovee)
ဒါကတော့ နတ္တိ အတ္တသမံ ပေမံ ဆိုတဲ့ ဘုရားဟောနဲ့တထပ်တည်းပဲ……
သတ္တ၀ါတွေအားလုံးဟာ ကိုယ့်ကိုကိုယ် အချစ်ဆုံးပါ………
3. အချစ်ရဲ့နိဒါန်းဟာ အသိဥာဏ်ရဲ့နိဂုံးပဲ(Antoine Bret)
ဒါကတော့ အချစ်နိဒါန်းပျိုးလိုက်တာနဲ့ အသိဥာဏ်နိဂုံးချုပ်သွားရသတဲ့……..
4. ယောက်ျားရဲ့အချစ်ဆိုတာ သူ့ဘ၀ရဲ့သီးခြားအစိတ်အပိုင်းတစ်ခုမျှသာ
မိန်းမရဲ့အချစ်ကတော့ သူ့ဘ၀တစ်ခုလုံးပါပဲ……(Byron)
ယောကျာ်းတွေက တာဝန်ဝတ္တရားတွေက အချစ်ထက်ပိုတယ်လို့ပြောချင်တာပါ…..
5. ယောက်ျားက နဲနဲ နဲ့ ခဏခဏချစ်တတ်တယ်…..
မိန်းမက များများနဲ့ရှားရှားပါးပါး ချစ်တတ်တယ် (Basta)
မိန်းမက များများချစ်ခင်တတ်တယ် ဒါပေမယ့်ရှားရှားပါးပါးပဲ ချစ်တတ်တယ်ဆိုတာ
ကတော့ တကယ့်မိန်းမကောင်း မိန်းမမြတ်တွေပါပဲ……….
6. ပညာတွေ ဘယ်လောက်တတ်တတ် အချစ်နဲ့တွေ့ရင်တော့ အရူးပဲ (Joshua Cooke)
ပညာတွေဘယ်လောက်တတ်တတ် အချစ်နဲ့တွေ့ရင်တော့ အဲဒီပညာတွေဟာနောက်
ကောက်ကျသွားတော့တာပါပဲ………………………..
7. လူငယ်ဘ၀မှာ ဆန္ဒက အချစ် ငွေ ကျန်းမာရေး၊ အိုမင်းမစွမ်းတဲ့အခါကျတော့
ကျန်းမာရေး ငွေ အချစ်တဲ့………(Paul Geraldy)
အချစ်ဆိုတာ ငယ်တုန်းကတော့ ဦးစားပေးအရာပေါ့ အသက်ကြီးတော့အရေး
မပါတော့ဘူး….နောက်ဆုံးရောက်သွားတယ်….ပူလောင်တဲ့အချစ်ကိုပြောတာနော်….
လူငယ်တွေနဲ့စကားပြောရင် ပီယဆေး အကြောင်းပြောပါသတဲ့….
အသက်ကြီးတဲ့ အဖိုးကြီး အဖွားကြီးတွေနဲ့စကားပြောတဲ့အခါ အာယုဒီဃဆေး
အကြောင်းပြောပါသတဲ့…………………………….
8. နဲနဲပဲ ချစ်ပါ ဒါမှ ကြာကြာချစ်နိုင်မှာ (Herrick)
မှန်မှန်လျှောက်ခရီးရောက်ဆိုတာလို အချစ်မှာအစွန်းမရောက်ဖို့ပြောတာပေါ့နော်…
အချစ်ကြီးရင် အမျက်ကြီးတတ်လို့ လျှော့လျှော့ပေါ့ပေါ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ချစ်ဖို့
သတိပေးထားတာပါ…..ဒါကြောင့်လည်း တောင်မြို့မဟာဂန္ဓရုံဆရာတော်က မိန့်တယ်
“ချစ်…ချစ်နဲ့ ချစ်တိုင်းကောင်းတာမဟုတ်ဖူး….လျော့လျော့ပေါ့ပေါ့ချစ်ကြ၊ သူများကို
ချစ်ရတာ စိတ်မချရဘူး၊ ကိုယ့်ကိုကိုယ်ချစ်ရတာက စိတ်ချရတယ်” တဲ့
9. အချစ်ဆိုတာ အဆိုးဆုံးစိတ်ရောဂါပဲ (Plato)
ဒါဟာအမှန်တရားပါ၊ အဆိုးဆုံးရောဂါဟာဒီရောဂါပါပဲ..ဒီရောဂါကြောင့်သံသရာရှည်နေတာပါ
10. ချစ်မိပြီဆိုရင် လူတိုင်းဟာအကန်းပဲ(Propertius)
အကန်းဆိုတာ အ လည်းအ ကန်းလည်း ကန်းနေတော့ ဘာမှမမြင်တော့ဘူးပေါ့
11. အချစ်ဆိုတာ လက်ထပ်ခြင်းရဲ့ အရုဏ်ဦး
လက်ထပ်ခြင်းကတော့ အချစ်ရဲ့နေ၀င်ချိန်(Dfinod)
အချစ်ဆိုတဲ့အရာဟာ လက်မထပ်ခင်ပဲကောင်းတယ်….လက်ထပ်ပြီးရင်တော့အချစ်ဆို
သောနေမင်းဟာ မှေးမှိန်သွားတော့တာပါပဲ…………
လူထုစိန်ဝင်း (လူငယ်နဲ့ အချစ်)
ယခုအချစ်နှင့်ဆက်စပ်၍ လောကမှ ဓမ္မသို့ပြောင်းပြီးပြောပါတော့မယ်…………..
ဘုရားဟောကိုကြည့်ပြီးပြောပါမယ်………………….
“ချစ်စရာသက်ရှိသက်မဲ့တွေနဲ့လည်း မပေါင်းဖော်ပါနဲ့
မုန်းစရာသက်ရှိသက်မဲ့တွေနဲ့လည်း ဘယ်တော့မှမပေါင်းပါနဲ့
ချစ်စရာတွေကို မမြင်ရတာဟာ စိတ်ဆင်းရဲရသလို
မုန်းစရာတွေကို မြင်ရတာဟာလည်း စိတ်ဆင်းရဲရတာပါပဲ”
“ချစ်လည်းမချစ်ပါနဲ့၊ မုန်းလည်းမမုန်းပါနဲ့
အချစ်ကိုစွန့်လွှတ်ခြင်းဟာ အဘိဇ္ဈာကိုပယ်ခြင်းပါပဲ”
“အချစ်ကြောင့်သောကဖြစ်ရပါတယ်၊ အချစ်ကြောင့်ဘေးတွေ့ရပါတယ်
အချစ်နဲ့ဝေးဝေးနေရင် သောကလည်းဖြစ်စရာမရှိ၊ ဘေးလည်းတွေ့စရာမရှိပါ”
အချစ်နဲ့ဆက်စပ်၍ဓမ္မပဒ ပိယ၀ဂ်တွင် ဘုရားရှင်ဟောကြားထားတော်မူသော
တရားတော်များဖြစ်ပါတယ်……………
အချစ်မရှာပါနဲ့၊ အချစ်နဲ့မပေါင်းပါနဲ့၊ ချစ်မိပြီဆိုရင်ဒုက္ခရောက်ပြီ၊
အချစ်ကိုစွန့်လွှတ်ခြင်းသည် အဘိဇ္ဈာကိုပယ်သတ်ခြင်းဖြစ်သည်…
အချစ်ကြောင့်ဘေးတွေ့ရသည်။ ကြောက်ရွံ့တုန်လှုပ်ရသည်
အချစ်နဲ့ဝေးဝေးနေလျှင် သောကငြိမ်းသည်၊ ဘေးရန်တွေလည်းငြိမ်းသည်…

No comments:

Post a Comment

မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်

လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ

">Index'); document.write('

Blogger Widgets?max-results=10">Label 3

');
    ?max-results="+numposts4+"&orderby=published&alt=json-in-script&callback=showrecentposts5\"><\/script>");
Powered By Blogger

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Sample Text

Pesquisar