ဘယ်လို မိန်းကလေးမျိုးလုပ်မလဲ?

ချောမောလှပတဲ့မိန်းကလေး… ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို ဘာလုပ် ဘာကိုင်ရမှန်းမသိဖြစ်စေတယ်။
ထက်မြက်တဲ့မိန်းကလေး….ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို မိမိကိုယ်ကိုယ်လေးစားခြင်း (Self-respect) ဆုံးရှုံးစေတယ်။
ချွဲပျစ်လွန်းတဲ့မိန်းကလေး…. ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို သည်းခံစိတ် လျော့နည်းစေတယ်။
ညုတုဆွဲဆောင်တတ်တဲ့မိန်းကလေး…. ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို လုံခြုံစိတ်ချစိတ် ကင်းစေတယ်။
**********************************
စိတ်ထားဖြူစင်တဲ့မိန်းကလေး…… ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို ဂုဏ်ယူလိုစိတ်ရှိစေတယ်။
ကြင်နာတတ်တဲ့မိန်းကလေး…… ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို နွေးထွေးခံစားစေတယ်။
ခွင့်လွှတ်နားလည်တတ်တဲ့မိန်းကလေး….. ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို မိမိကိုယ်ကိုယ်ဆင်ခြင်စိတ်ပေးတယ်။
မာနကိုချိုးနှိမ့်တတ်တဲ့မိန်းကလေး….. ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို အားတုန့်အားနာဖြစ်စေတယ်။
အသိဉာဏ်ရှိတဲ့မိန်းကလေး…. စိတ်ထားဖြူအောင်ပျိုးထောင်ဖို့ နားလည်ပြီး နားလည်ခွင့်လွှတ်စိတ်နဲ့ မာနကင်းစိတ်ကိုတိုးမြှင့်တတ်တယ်။

Comments