ဟိုးရှေးရှေးတုန်းက ကျွန်းကလေးတစ်ကျွန်းရှိတယ်……။ အဲဒီကျွန်းကလေးကို
“ခံစားချက်ကျွန်း´´ လို့ခေါ်တယ်…..။ ဒီ“ခံစားချက်ကျွန်း´´ကလေးမှာ
ခံစားချက်ရှိသူတွေသာနေကြတယ်….။ အချစ်တို့၊ အမုန်းတို့၊ အလွမ်းတို့၊
အပျော်တို့…….ခံစားချက်ရှိသူတွေပေါ့….။ တစ်နေ့တော့ အဲဒီကျွန်းကလေးကို
ရေလွှမ်းပြီးမြုပ်မယ်ဆိုတဲ့ သတင်းထွက်လာတယ်….။
ကျွန်းပေါ်မှာနေသူတွေအားလုံးလည်း ပြောင်းပြေးကြတာပေါ့….။ ဒါပေမဲ့
“အချစ်´´ဆိုတဲ့ ကောင်မလေးကတော့ မပြေးဘူး…။ သူက သစ္စာသမားလေ…။ ကျွန်းကို
ရေမြုပ်မယ်ဆိုတဲ့သတင်းကို သူမယုံဘူး…။ တကယ်ရေမြုပ်မှပဲ ပြေးမယ်ဆိုပြီး
သူကစောင့်ကြည့်နေတယ်…။ ညတဖြည်းဖြည်းနက်လာတာနဲ့ ရေကလည်းတကယ်တက်လာတယ်….။
ဒီတော့မှ “အချစ်´´ကပြေးမယ်ဆိုပြီး ကမ်းစပ်ကိုပြေးလာတယ်….။ အဲဒီအချိန်မှာ
သူ့ရဲ့လှေက လည်း လှိုင်းပုတ်တဲ့ထဲပါသွားလို့ မရှိတော့ဘူး….။ ဒါနဲ့
သူစိတ်ညစ်နေတာပေါ့….။
အဲဒီအချိန်မှာပဲ မိုးပျံပူဖောင်းကြီးတစ်လုံးကိုတွေ့လိုက်ရတယ်….။
အဲဒီပူဖောင်းကြီးစီးလာတာက သူ့သူငယ်ချင်း “ချမ်းသာ´´။ “အချစ်´´လည်း
“ချမ်းသာ´´ကို အကူအညီတောင်းမယ်ဆိုပြီး အောက်ကနေလှမ်းအော်နေတာပေါ့….။
တဖြည်းဖြည်းနဲ့ မိုးပျံပူဖောင်းကြီးလည်း အောက်ကို ဆင်းလာတယ်…။ “အချစ်´´လည်း
ဝမ်းသာအားရနဲ့ အကူအညီတောင်းတာပေါ့…။
“ချမ်းသာရယ်… ငါ့ကိုကယ်ပါ…။ ငါ့လှေလည်းမရှိတော့ဘူး…။ ငါပြေးလို့လည်း မရတော့ဘူး…။ ငါ့ကိုကူညီပါ´´ လို့ပြောတော့ “ချမ်းသာ´´က
“စိတ်မကောင်းပါဘူးဟာ….။ ငါ့ရဲ့ဒီမိုးပျံပူဖောင်းထဲမှာ ရွှေ၊ ငွေ၊
ကျောက်သံပတ္တမြားတွေထည့်လာလို့ နင့်ကိုကယ်လိုက်ရင် ငါ့ရဲ့ ရွှေတွေ၊ငွေတွေကို
ချထားခဲ့ရမှာ…။ အဲဒါကြောင့် နင့်ကိုငါမကယ်နိုင်ဘူး…။
စိတ်မကောင်းပါဘူးဟာ…´´ ဆိုပြီး မိုးပေါ်ပျံတက်သွားတယ်…။
“အချစ်´´လည်း စိတ်ညစ်သွားတာပေါ့…။ အဲဒါနဲ့ ဟိုပြေးဒီပြေးလုပ်နေတယ်…။
အဲဒီမှာ လှေကလေးတစ်စီးကို ထပ်တွေ့တယ်…။ အဲဒီလှေပေါ်ကသူက သူနဲ့ မတည့်အတူနေတဲ့
သူ့သူငယ်ချင်း “အလွမ်း´´ပဲ…။ ဒါနဲ့သူလည်း “အလွမ်း´´ကို အကူအညီတောင်းတယ်…။
“အလွမ်းရယ် ငါ့ကိုကူညီပါ….။ နင်မှမကယ်ရင် ငါသေရတော့မယ်… ငါ့ကိုကယ်ပါဟာ…´´ ဆိုတော့ “အလွမ်း´´က
“အချစ်နဲ့ အလွမ်းဆိုတာက အမြဲတမ်းကျောချင်းကပ်သာနေတာ ဘယ်တော့မှ
အစေးကပ်တာမှမဟုတ်တာ….။ အဲဒါကြောင့် နင့်ကိုငါကယ်လို့ဘယ်ဖြစ်မှာလဲ…။ Sorry
ပါဟာ…´´ဆိုပြီး လှေလေးလှော်ပြီး ထွက်သွားပြန်တယ်…။
“အချစ်´´လည်း တော်တော်စိတ်ညစ်တာပေါ့….။ ငါသေရတော့မယ်ဆိုပြီး
ဝမ်းနည်းနေတယ်…။ အဲဒီမှာပဲ “အပျော်´´ကို သူတွေ့လိုက်တယ်…။ အချစ်ကလည်း
အော်တယ်…။
“အပျော်ရေ… အပျော်… ငါ့ကိုကယ်ပါ…။´´
သူဘယ်လောက်ပဲ အော်အော် “အပျော်´´က မကြားရှာဘူး..။ သူ့ဟာသူ တစ်ယောက်တည်း သီချင်းတွေဆိုပြီး ပျော်ပြီးလှေကလေးကို လှော်သွားတယ်….။
“လှေကလေးကိုလှော်မည်…ဘေးမသန်းပဲ အေးချမ်းတော့မည်….´´
“အချစ်´´လည်း စိတ်ပျက်လက်ပျက်နဲ့ ကမ်းစပ်ကလေးမှာ ထိုင်နေတယ်…။
သေရတော့မယ်ဆိုပြီး ငိုလည်းငိုတာပေါ့…။ ရေကလည်း တက်သထက်တက်လာတယ်…။
အဲဒီအချိန်မှာပဲ လှေကလေးတစ်စီး သူ့အရှေ့မှာ လာရပ်တယ်…။ သူကြည့်လိုက်တော့
တရုတ်အဖိုးကြီး တစ်ယောက်ကိုတွေ့လိုက်တယ်…။ အဖိုးကြီးက
“အချစ်ဆိုတဲ့ သူငယ်မ၊ လှေပေါ်တက်ပါ…´´ ဆိုပြီးခေါ်တယ်..။ အချစ်လည်း
ဝမ်းသာအားရနဲ့ လှေပေါ်တက်သွားတာပေါ့…။ ကျေးဇူးတင်လွန်းလို့
အဖိုးကြီးကိုထိုင်ကန်တော့လိုက်တယ်…။ ပြီးတော့ တစ်နေကုန်ပြေးလွှာနေရတော့
ပင်ပန်းပြီးအိပ်ပျော်သွားတယ်…။ ဒါနဲ့ ကျွန်းလေး တစ်ကျွန်းကိုရောက်တော့
အဖိုးကြီးက “သမီး ထထ။ ရောက်ပြီ..´´
“အချစ်´´လည်း လှေပေါ်ကဆင်းလိုက်တယ်…။ လှေကလေးဟာ ကမ်းစပ်ကနေ
ပြန်ထွက်သွားတယ်…။ အချစ်လည်း လှေကလေး ခပ်ဝေးဝေးကိုရောက်မှ သူ့ကိုကယ်ခဲ့တဲ့
အဖိုးကြီးနာမည်ကို မေးဖို့သတိရတယ်…။ သူ့ကျေးဇူးရှင်နာမည်တောင်
မမေးလိုက်ရဘူးဆိုပြီး စိတ်မ ကောင်းစွာနဲ့ ကမ်းပေါ်ကိုလျှောက်လာတယ်…။
အဲဒီမှာပဲ အဖိုးကြီးတစ်ယောက်ကို ထပ်တွေ့တယ်…။ ဒီအဖိုးကြီးကို
မြင်ဖူးပါတယ်ဆိုပြီး သူကြည့်နေတယ်…။ သေသေချာချာကြည့်မှ
သူတို့ခံစားချက်ကျွန်းမှာ အတူတူနေခဲ့တဲ့ “အသိ´´ဆိုတဲ့ လူကြီးဖြစ်နေတယ်…။
“အချစ်´´လည်း ဒီ“အသိ´´ဆိုတဲ့အဖိုးဟာ အားလုံးကိုသိတယ်…။ သူမသိတာမရှိဘူး…။
အဲဒီတော့ ငါ့ကိုကယ်ခဲ့တဲ့အဖိုးကြီးကိုလည်း သိမှာပဲဆိုပြီး သွားမေးတယ်…။
“အဘ.. ခုနက ကျွန်မကိုကယ်ခဲ့တဲ့ အဖိုးကိုသိလား´´ဆိုတော့
“သိတာပေါ့….။ သူ့နာမည်က အချိန်တဲ့…´´
“ဘယ်သူမှ မကယ်ချင်တဲ့ကျွန်မကို သူကဘာလို့ ကျွန်မကို ကယ်တာလဲ…။´´ဆိုတော့ “အသိ´´ဆိုတဲ့ အဖိုးကြီးက ပြန်ပြောတယ်….။
“သမီး မှတ်ထား….။ ဒီဘဒ္ဒကမ္ဘာလောကကြီးမှာ အချစ်ရဲ့တန်ဖိုးကို နားလည်တဲ့သူဆိုလို့ “အချိန်´´တစ်ခုပဲ ရှိတယ်´´တဲ့……။
ဒါ့ကြောင့် အချစ်ရဲ့တန်ဖိုးကို သိချင်လျှင်အချိန်ကို စောင့်လိုက်ပါ…..။
……….
……….
……….
(ဆရာ အတ္တကျော်၏ “တရုတ်အဖိုးကြီးတစ်ယောက်အကြောင်း´´ ဆိုတဲ့ ဆောင်းပါးလေးကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။)
Thursday, August 15, 2013
Subscribe to:
Post Comments (Atom)
အမျိုးအစား
- ၀တ္ထုများ (8)
- flash song (7)
- sorfware (12)
- ကဗျာများ (10)
- ကွန်ပြူတာပိုင်း (1)
- ကျနော်နှင့်ပါတ်သက်သမျှ (3)
- နည်းပညာ (10)
- ဖုန်းပိုင်းဆိုင်ရာ (7)
- သတင်း (2)
- သီချင်း (24)
- အချစ်စာလွှာ (69)
- အချစ်ပုံများ (2)
- အလွမ်း (3)
- ကြော်ငြာ (4)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
No comments:
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ