Pages

Thursday, August 15, 2013

အချစ်မှာ အကြောင်းပြချက်တွေလိုအပ်လို့လား

တစ်နေ့တော့ ချစ်သူနှစ်ဦး စကားပြောနေတုန်းမှာ
ကောင်မလေးက သူ့ချစ်သူကောင်လေးကို မေးတယ်…။
ကောင်မလေး – “ဘာကြောင့် ကျွန်မကို ကြိုက်တာလဲ ၊ ဘာကြောင့် ကျွန်မကို
ချစ်တာလဲဟင် ….. ? ”
ကောင်လေး – “ငါ့မှာ ပြောစရာ အကြောင်းပြချက်မရှိဘူး …။ ဒါပေမယ့် မင်းကို
ငါ တကယ်ကြိုက်တယ်၊ချစ်တယ် ”
ကောင်မလေး – “အကြောင်းပြချက်တောင် မပေးနိုင်တာ..ကျွန်မကို ကြိုက်တယ် လို့
ဘယ်လိုပြောနိုင်တာလဲ ၊ ကျွန်မကို ချစ်တယ်လို့ ဘာလို့ပြောနိုင်တာလဲ ”
ကောင်လေး – “အကြောင်းပြချက်ကို ငါ တကယ်မပြောနိုင်ဘူး…
ဒါပေမယ့် မင်းကို ချစ်တယ် ဆိုတာ သက်သေပြနိုင်ပါတယ် ”
ကောင်မလေး – “ သက်သေ ?….. မရဘူး ….. ကျွန်မကို အကြောင်းပြချက်ပဲ ပြောစေချင်တယ်။
ကျွန်မ သူငယ်ချင်းရဲ့ ကောင်လေးက သူ့ကို ဘာကြောင့်ချစ်တယ် ဆိုတာ
ပြောနိုင်တယ်..။ ရှင့်လို မဟုတ်ဘူး….”
ကောင်လေး – “ အိုကေ…အိုကေ…………….. ”
“ မင်းက ……. ငါ့မျက်စိထဲမှာ လှလို့ …..”
“ မင်းအသံလေးက …..ငါ့နားထဲမှာ ချိုသာလို့ …..”
“ မင်းက ……ငါ့ကို ဂရုစိုက်တတ်လို့ ….. ”
“ မင်းက …….ငါ့ကို ချစ်တတ်လို့ ….. ”
“ မင်းက …….အတွေးအခေါ်ကောင်းလို့ … .”
“ မင်းရဲ့ အပြုံးလေးတွေကြောင့် …….”
“ မင်းရဲ့ ချစ်စရာကောင်းတဲ့ ……အမူအရာလေးတွေကြောင့်….”
“ ……………………………………………………………………”
ဒါတွေကြောင့်ပဲကွာ …………………။ ”
ဒီအခါမှာတော့ ကောင်မလေးက သူ့ချစ်သူရဲ့ အဖြေကို အရမ်းသဘောကျသွားတယ်…..။
ဒီလိုနဲ့ ရက်အနည်းငယ်ကြာတော့ …..
ကောင်မလေးက အာရုံကြောယောင်တဲ့ ဝေဒနာနဲ့ နေမကောင်းဖြစ်ပြီး
အိပ်ယာထဲကိုလဲပါလေရော ……။
ကောင်လေးက ကောင်မလေးအိပ်ပျော်နေတုန်းအချိန် လာကြည့်ပြီးတော့
ကောင်မလေးဘေးမှာ စာလေးတစ်စောင်ထားခဲ့တယ်…..။
စာထဲမှာဘာတွေရေးထားလဲ ဆိုတော့…………………………..
မေ
မင်းရဲ့ချိုသာတဲ့ အသံလေးကြောင့် မင်းကို ကိုယ်ချစ်ခဲ့တယ်….
အခု မင်း စကားပြောနိုင်လား ?
မပြောနိုင်တော့ပါဘူး ………………
“ဒါကြောင့် မင်းကို ကိုယ် မချစ်နိုင်တော့ဘူး ”
မင်းရဲ့ ကိုယ့်အပေါ် ဂရုစိုက်ကြင်နာမှုတွေကြောင့် မင်းကို ကိုယ်ကြိုက်ခဲ့တာ
အခု မင်း ကိုယ့်အပေါ် အဲဒါတွေ မပြနိုင်တော့ဘူး…
“ ဒါကြောင့် မင်းကို ကိုယ် မချစ်နိုင်တော့ဘူး ”
မင်းရဲ့ အပြုံးလေးတွေကြောင့်…. မင်းရဲ့အမူအရာလေးတွေကြောင့်
မင်းကိုကိုယ်ချစ်ခဲ့တာ….
အခု မင်းပြုံးနိုင်သေးလား ၊ မင်း အခု လှုပ်ရှားနိုင်သေးလား ?
မင်းမပြုံးနိုင်တော့ဘူး ၊ လှုပ်လှုပ်ရှားရှားလည်း မနေနိုင်တော့ဘူး………
“ ဒါကြောင့် မင်းကို ကိုယ် မချစ်နိုင်တော့ဘူး ”
မင်းကအခုအချိန်မှာ ဝေဒနာခံစားနေရတဲ့သူ တစ်ယောက်ဖြစ်နေတယ်
မင်းမှာချစ်စရာကောင်းတဲ့ အမူအယာတွေပြနိုင်သေးလား ?
မင်း ……. ဘာဆို ဘာမှမစွမ်းဆောင်နိုင်တော့ဘူး…
“ဒါ့ကြောင့် မင်းကို ကိုယ်မချစ်နိုင်တော့ဘူး ………………”
တကယ်လို့ “ အချစ်က အကြောင်းပြချက်လိုတယ် ” ဆိုရင်
အခုအချိန်မှာ …..မင်းကို ကိုယ်ဆက်ချစ်ဖို့ အကြောင်းမရှိတော့ဘူး..
မောင်
***************************************************************
ကောင်လေးရေးခဲ့တဲ့ စာရဲ့အောက်နားမှာ စာကြွင်းလေးတစ်ခုတော့ ကျန်ပါသေးတယ် ။
တကယ်တော့ မေရယ် …………..
မောင်နဲ့မေ တစ်ဦးကိုတစ်ဦးချစ်ခဲ့တဲ့အချစ်အတွက်
အကြောင်းပြချက်လှလှလေးတွေကို“ မေ ” ကြားချင်တယ်ဟုတ် !!
“ အချစ်မှာ အကြောင်းပြချက်တွေလိုအပ်လို့လားကွာ …”
( မလိုအပ်ဘူးလို့ မောင်ယုံကြည်တယ် …. )
ဟုတ်တယ် မေ ……. !
မလိုပါဘူး….ဒါကြောင့် မေ့ကို မောင် ချစ်နေဆဲပါ ၊ ချစ်နေဦးမှာပါကွာ…။

No comments:

Post a Comment

မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်

လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ

">Index'); document.write('

Blogger Widgets?max-results=10">Label 3

');
    ?max-results="+numposts4+"&orderby=published&alt=json-in-script&callback=showrecentposts5\"><\/script>");
Powered By Blogger

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Sample Text

Pesquisar