Pages

Sunday, April 13, 2014

လိုအပ်ရာကို ဖြည့်ပေးချင်တဲ့ လက်တွဲဖော်ကောင်း

Photo: ငါ နင့်ကို သူများတွေလို ခမ်းမ ကြီးကြီးမှာ မင်္ဂလာဆောင်ချင်မှ 
ဆောင်ပေးနိုင်မှာပါ။စိတ်မပူပါနဲ့ နော် ။မနက်စောစောမှာ 
ဘုန်းကြီးဆွမ်းကပ်ပြီးတော့  မျက်မမြင်ကျောင်းမှာဖြစ်ဖြစ် ငါတို့  
နေ့လည်စာသွားလှူတာလောက်တော့  ငါ လုပ်ပေးနိုင်မှာပါ။နင်မငြိုငြင်ဖို့ တော 
့လိုတာပေါ့။



မနက်ဆို နင်စောစောမထပါနဲ့ ။နင်ငါ့ကိုပေးထားတဲ့ တဘ၀စာအတွက် ငါနင့်ကို 
တသက်လုံးတော့ စောက်ရှောက်သင့်တယ်မဟုတ်လား။နင်ကော်ဖီကြိုက်လည်း 
ကော်ဖီပေါ့။တကယ်လို့  နင် လက်ဖက်ရည်သောက်ချင်ရင် လည်း အချိုခြောက်ကို 
ငါကိုယ်တိုင်နှပ်ပြီး နို့ ဆီလေးနဲ့  
သေချာဖျော်ပေးမယ်နော်။နင်မုန့်ဟင်းခါးစားချင်လည်း 
ဖြစ်တယ်။ထမင်းပူပူလေးပေါ်မှာ စတော်ပဲလေးနဲ့ ဖြူးပြီးစားချင်လည်း 
လုပ်ပေးမယ်။ပေါင်မုန့်ကြော်ဥကြော်ဆိုလည်း ငါ အတွက် မခက်ခဲပါဘူးနော်။



ရုံးသွားဖို့ ပြင်ပြီးပြီး။မနက်စာလည်းနင့်အတွက်ပြင်ပြီးတဲ့ အချိန်မှ 
နင့်ကို ငါ အနမ်းတချက်လေးနဲ 
့နိုးမယ်။မဟုတ်ရင်နင်အိပ်ရေးပျက်သွားနိုင်တယ်လေ။ဂရုစိုက်ပါချစ်သူရယ်။ရေချိုးခန်းထဲမှာ
 သွားတိုက်တံ အဆင့်သင့်လုပ်ပေးထားတယ်။ဒါပေမဲ့  
မြန်မြန်ထမှဖြစ်မယ်နော်။မဟုတ်ရင် နံနက်စာတွေ အေးသွားနိုင်တယ်လေ။



ထမင်းစားပြီးရင်တော့  နင်လုပ်ရမဲ့ တနေ့တာအလုပ်တွေကို ငါ 
စာရင်းလေးရေးပြီးနံရံမှာကပ်ထားတယ်။စားသောက်ပြီးရင်တော့  နင် ဆေးသောက်ဖို 
့လိုမယ်။နင်မျက်လုံးတွေက ကိုက်တက်တယ်မဟုတ်လား။ဖြစ်ပြီးမှလုပ်တာထက် 
နင်ဆေးပုံမှန်သောက်ဖို့ တော့ လိုမယ်လေ။ပြီးရင်တော့  ငါ 
ချက်ပြီးသားနေ့လည်စာလေးကိုခူးပြီးနင် ဆွမ်းတော်ကပ်နော်။ပြီးရင် နင်ကြည့်ဖို
့  ရုပ်ရှင် ကား တခွေ မနေ့ က ငါငှားလာခဲ့ တယ်။တကယ်လို့ မျက်လုံးညောင်းလို့ 
 နင်ဆက်မကြည့်နိုင်တော့ ရင် အိပ်ယာဘေးမှာ အကြည်တော်ရဲ့  ၀တ္ထု 
တအုပ်ထားပေးထားတယ်။နင်တစ်ယောက်တည်းအိမ်မှာကျန်နေတဲ့ အခါ 
ပျင်းနေမှာငါစိုးတယ်လေ။တကယ်လို့  စာအုပ်ဖတ်ရင်းနင်အိပ်ပျော်သွားလည်း 
အိပ်ယာဘေးမှာဆိုတော့ အဆင်သင့်မဟုတ်လား။



နေ့လည် ငါ ရုံးကပြန်လာတဲ့ အခါ နင်အတွက် 
ထမင်းဝိုင်းလေးပြင်လိုက်မယ်။ပြီးမှငါနိုးမယ်လေ။

နင်လက်နဲ့ စားမှာလား။ဇွန်းနဲ့ စားမှာ လား။ဒါပေမဲ့  
သိပ်ရှည်ရှည်ဝေးဝေးမစဉ်းစားပါနဲ 
့။ဘေးနားမှာလက်ဆေးဇလုံလေးချပေးထားတယ်။လက်သုပ်ပုဝါပေါ်မှာလည်း 
ဇွန်းခရင်းတစုံချပေးထားတယ်။နင့်အကြိုက် စားပေါ့နော်။

နင့်အကြိုက် ဟင်းလေးတွေငါချက်ပေးမယ်။နင်စားချင်တဲ့  
အစားအစာကိုသာပြောနော်။မဟုတ်လည်း မနက်ငါဈေးသွားတဲ 
့အချိန်မှာပေါ့။ထမင်းစားပြီးရင်တော့  နင် အသီးစားဖို 
့လိုမယ်နော်ချစ်သူ။မဟုတ်ရင် ၀သွားလိမ့် မယ်။အော် ပြောရင်းနဲ့  ၀လည်း 
ငါချစ်မှာပါချစ်သူရယ်...။







ညနေ ငါရုံးပြန်သွားတုန်းတော့  
ခြံထဲမှာလမ်းဆင်းလျှောက်ချင်လျှောက်ပေါ့။မဟုတ်လည်း 
ဇတ်လမ်းပြန်ကြည့်နေနော်။နင့်ကို ငါထားပြီးအလုပ်ကို သာသွားရတယ် 
သိပ်စိတ်ချလို့ ရယ်တော့ မဟုတ်ဘူး။နင့်ဘေးနားက လိုအပ်ချက်တွေကို 
ငါတခုခြင်းစီလိုက်ဖြည့်ဆည်းချင်မိတာပါ။



ညနေရုံးဆင်းရင်တော့  နင်ဘုရားသွားချင်လည်း ပြောပေါ့။ငါလိုက်ပို 
့ပေးမယ်လေ။တခါတလေ မိဘအိမ်ပြန်ချင်ရင်တော့ ငါ 
ခွင့်ရတာကိုစောင့်ပေးနော်။နင်လည်းနင်မိဘအိမ်လွမ်းနေမှာငါသိပါတယ်။ခွင့်ရရင်တော
့  မိဘတွေဆီ အလည်ပြန်ပြီးကန့် တော့ ကျတာပေါ့။



၂ နှစ်လောက်နေပြီးရင်တော့  ငါ့တို့ ရဲ့ခြေက်သွေ့နေတဲ့ အိမ်လေးကို သားလေးတွေ
 ၊သမီးလေးတွေ နဲ့  ဆည်းလည်းသံလေးတွေဖြည့်လိုက်ကျရအောင်နော်။ဟိုနေ့က 
အိမ်ကိုဖုန်းဆက်တော့ တောင်မြေးဘယ်တော့ ချီရမှာလဲ မေးနေပြီ။



ငါတို့ ရဲ့ Anniversary Day တွေရောက်လာရင် အဆင်ပြေရင် ဆိုင်လေးမှာ ငါ 
လုပ်ပေးပါ့မယ်။ပိုအဆင်ပြေလို့ အခွင့်သာရင်တော့  မိသားစုလိုက်လေး 
ဘုရားဖူးဖြစ်ဖြစ် အလည်သွားကျတာပေါ့။မဟုတ်လည်း ငါနင့်ကိုချစ်တယ် 
တသက်လုံးချစ်မယ်ဆိုတဲ့ စကားပြောပြီးတော့  အနမ်းတချက်တော့  ငါ 
ပုံမှန်ပေးဖြစ်ဦးမှာပါ။



လစာထုတ်တိုင်း ငါ လစာအပြည့်အပ်ပါ့မယ်။ရုံးသွားတိုင်းတော 
့ဆီအပြည့်ဖြည့်ပေးဖို့ နင်မမေ့ရဘူးနော်။



ကဲကြည့်ဦး

စာဖတ်နေရင်းနဲ့  အင်းပါလို့ ပြောနေပြီဟုတ်....။



ဒီလိုပါပဲ အဆင်မပြေရင်တောင် ဖြည့်တွေးပြီး ပျော်နေရတာတစ်ခုနဲ့ တင်

ပြသနာကိုရင်ဆိုင်ဖို့ ကြိုးစားနေရတယ်မဟုတ်လား...။



အချစ်တစ်ခုပျော်ရွှင်ဖို့ ဆိုတာ

ကိုယ်တိုင်ဖန်တီးဖို့  ပဲလိုပါတယ်...

ကြိုးစားချင်စိတ်မရှိပဲနဲ့ တော့ 

လမ်းတွေ့ရင်တောင် အချစ်ကို မနှုတ်ဆက်မိစေနဲ့ ...

မဟုတ်ရင် အလွမ်းတွေနဲ့ ပြည့်နေတက်တယ်လေ..



(ပုံရိပ်စစ်)
ငါ နင့်ကို သူများတွေလို ခမ်းမ ကြီးကြီးမှာ မင်္ဂလာဆောင်ချင်မှ ဆောင်ပေးနိုင်မှာပါ။စိတ်မပူပါနဲ့ နော် ။မနက်စောစောမှာ ဘုန်းကြီးဆွမ်းကပ်ပြီးတော့  မျက်မမြင်ကျောင်းမှာဖြစ်ဖြစ် ငါတို့  နေ့လည်စာသွားလှူတာလောက်တော့  ငါ လုပ်ပေးနိုင်မှာပါ။နင်မငြိုငြင်ဖို့ တော့ လိုတာပေါ့။

မနက်ဆို နင်စောစောမထပါနဲ့ ။နင်ငါ့ကိုပေးထားတဲ့ တဘ၀စာအတွက် ငါနင့်ကို တသက်လုံးတော့ စောက်ရှောက်သင့်တယ်မဟုတ်လား။နင်ကော်ဖီကြိုက်လည်း ကော်ဖီပေါ့။တကယ်လို့  နင် လက်ဖက်ရည်သောက်ချင်ရင် လည်း အချိုခြောက်ကို ငါကိုယ်တိုင်နှပ်ပြီး နို့ ဆီလေ...းနဲ့  သေချာဖျော်ပေးမယ်နော်။နင်မုန့်ဟင်းခါးစားချင်လည်း ဖြစ်တယ်။ထမင်းပူပူလေးပေါ်မှာ စတော်ပဲလေးနဲ့ ဖြူးပြီးစားချင်လည်း လုပ်ပေးမယ်။ပေါင်မုန့်ကြော်ဥကြော်ဆိုလည်း ငါ အတွက် မခက်ခဲပါဘူးနော်။

ရုံးသွားဖို့ ပြင်ပြီးပြီး။မနက်စာလည်းနင့်အတွက်ပြင်ပြီးတဲ့ အချိန်မှ နင့်ကို ငါ အနမ်းတချက်လေးနဲ့ နိုးမယ်။မဟုတ်ရင်နင်အိပ်ရေးပျက်သွားနိုင်တယ်လေ။ဂရုစိုက်ပါချစ်သူရယ်။ရေချိုးခန်းထဲမှာ သွားတိုက်တံ အဆင့်သင့်လုပ်ပေးထားတယ်။ဒါပေမဲ့  မြန်မြန်ထမှဖြစ်မယ်နော်။မဟုတ်ရင် နံနက်စာတွေ အေးသွားနိုင်တယ်လေ။

ထမင်းစားပြီးရင်တော့  နင်လုပ်ရမဲ့ တနေ့တာအလုပ်တွေကို ငါ စာရင်းလေးရေးပြီးနံရံမှာကပ်ထားတယ်။စားသောက်ပြီးရင်တော့  နင် ဆေးသောက်ဖို့ လိုမယ်။နင်မျက်လုံးတွေက ကိုက်တက်တယ်မဟုတ်လား။ဖြစ်ပြီးမှလုပ်တာထက် နင်ဆေးပုံမှန်သောက်ဖို့ တော့ လိုမယ်လေ။ပြီးရင်တော့  ငါ ချက်ပြီးသားနေ့လည်စာလေးကိုခူးပြီးနင် ဆွမ်းတော်ကပ်နော်။ပြီးရင် နင်ကြည့်ဖို့  ရုပ်ရှင် ကား တခွေ မနေ့ က ငါငှားလာခဲ့ တယ်။တကယ်လို့ မျက်လုံးညောင်းလို့  နင်ဆက်မကြည့်နိုင်တော့ ရင် အိပ်ယာဘေးမှာ အကြည်တော်ရဲ့  ၀တ္ထု တအုပ်ထားပေးထားတယ်။နင်တစ်ယောက်တည်းအိမ်မှာကျန်နေတဲ့ အခါ ပျင်းနေမှာငါစိုးတယ်လေ။တကယ်လို့  စာအုပ်ဖတ်ရင်းနင်အိပ်ပျော်သွားလည်း အိပ်ယာဘေးမှာဆိုတော့ အဆင်သင့်မဟုတ်လား။

နေ့လည် ငါ ရုံးကပြန်လာတဲ့ အခါ နင်အတွက် ထမင်းဝိုင်းလေးပြင်လိုက်မယ်။ပြီးမှငါနိုးမယ်လေ။
နင်လက်နဲ့ စားမှာလား။ဇွန်းနဲ့ စားမှာ လား။ဒါပေမဲ့  သိပ်ရှည်ရှည်ဝေးဝေးမစဉ်းစားပါနဲ့ ။ဘေးနားမှာလက်ဆေးဇလုံလေးချပေးထားတယ်။လက်သုပ်ပုဝါပေါ်မှာလည်း ဇွန်းခရင်းတစုံချပေးထားတယ်။နင့်အကြိုက် စားပေါ့နော်။
နင့်အကြိုက် ဟင်းလေးတွေငါချက်ပေးမယ်။နင်စားချင်တဲ့  အစားအစာကိုသာပြောနော်။မဟုတ်လည်း မနက်ငါဈေးသွားတဲ့ အချိန်မှာပေါ့။ထမင်းစားပြီးရင်တော့  နင် အသီးစားဖို့ လိုမယ်နော်ချစ်သူ။မဟုတ်ရင် ၀သွားလိမ့် မယ်။အော် ပြောရင်းနဲ့  ၀လည်း ငါချစ်မှာပါချစ်သူရယ်...။



ညနေ ငါရုံးပြန်သွားတုန်းတော့  ခြံထဲမှာလမ်းဆင်းလျှောက်ချင်လျှောက်ပေါ့။မဟုတ်လည်း ဇတ်လမ်းပြန်ကြည့်နေနော်။နင့်ကို ငါထားပြီးအလုပ်ကို သာသွားရတယ် သိပ်စိတ်ချလို့ ရယ်တော့ မဟုတ်ဘူး။နင့်ဘေးနားက လိုအပ်ချက်တွေကို ငါတခုခြင်းစီလိုက်ဖြည့်ဆည်းချင်မိတာပါ။

ညနေရုံးဆင်းရင်တော့  နင်ဘုရားသွားချင်လည်း ပြောပေါ့။ငါလိုက်ပို့ ပေးမယ်လေ။တခါတလေ မိဘအိမ်ပြန်ချင်ရင်တော့ ငါ ခွင့်ရတာကိုစောင့်ပေးနော်။နင်လည်းနင်မိဘအိမ်လွမ်းနေမှာငါသိပါတယ်။ခွင့်ရရင်တော့  မိဘတွေဆီ အလည်ပြန်ပြီးကန့် တော့ ကျတာပေါ့။

၂ နှစ်လောက်နေပြီးရင်တော့  ငါ့တို့ ရဲ့ခြေက်သွေ့နေတဲ့ အိမ်လေးကို သားလေးတွေ ၊သမီးလေးတွေ နဲ့  ဆည်းလည်းသံလေးတွေဖြည့်လိုက်ကျရအောင်နော်။ဟိုနေ့က အိမ်ကိုဖုန်းဆက်တော့ တောင်မြေးဘယ်တော့ ချီရမှာလဲ မေးနေပြီ။

ငါတို့ ရဲ့ Anniversary Day တွေရောက်လာရင် အဆင်ပြေရင် ဆိုင်လေးမှာ ငါ လုပ်ပေးပါ့မယ်။ပိုအဆင်ပြေလို့ အခွင့်သာရင်တော့  မိသားစုလိုက်လေး ဘုရားဖူးဖြစ်ဖြစ် အလည်သွားကျတာပေါ့။မဟုတ်လည်း ငါနင့်ကိုချစ်တယ် တသက်လုံးချစ်မယ်ဆိုတဲ့ စကားပြောပြီးတော့  အနမ်းတချက်တော့  ငါ ပုံမှန်ပေးဖြစ်ဦးမှာပါ။

လစာထုတ်တိုင်း ငါ လစာအပြည့်အပ်ပါ့မယ်။ရုံးသွားတိုင်းတော့ ဆီအပြည့်ဖြည့်ပေးဖို့ နင်မမေ့ရဘူးနော်။

ကဲကြည့်ဦး
စာဖတ်နေရင်းနဲ့  အင်းပါလို့ ပြောနေပြီဟုတ်....။

ဒီလိုပါပဲ အဆင်မပြေရင်တောင် ဖြည့်တွေးပြီး ပျော်နေရတာတစ်ခုနဲ့ တင်
ပြသနာကိုရင်ဆိုင်ဖို့ ကြိုးစားနေရတယ်မဟုတ်လား...။

အချစ်တစ်ခုပျော်ရွှင်ဖို့ ဆိုတာ
ကိုယ်တိုင်ဖန်တီးဖို့  ပဲလိုပါတယ်...
ကြိုးစားချင်စိတ်မရှိပဲနဲ့ တော့ 
လမ်းတွေ့ရင်တောင် အချစ်ကို မနှုတ်ဆက်မိစေနဲ့ ...
မဟုတ်ရင် အလွမ်းတွေနဲ့ ပြည့်နေတက်တယ်လေ..

No comments:

Post a Comment

မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်

လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ

">Index'); document.write('

Blogger Widgets?max-results=10">Label 3

');
    ?max-results="+numposts4+"&orderby=published&alt=json-in-script&callback=showrecentposts5\"><\/script>");
Powered By Blogger

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Sample Text

Pesquisar