Pages

Tuesday, April 15, 2014

Facebook Online Friend များကို Gmail Window မှာ စကားပြောနိုင်ဖို့


သင်၏ Gmail Window မှနေ၍ Facebook IM Chat ကိုအသုံးပြုခါ Facebook Online
တွင်ရှိနေသော သူများနှင့် တိုက်ရိုက် Chat
နိုင်ပါတယ်။ထိုသို့ပြုလုပ်နိုင်ရန် Facebook IM Chat gadget ကိုသင့် Gmail
မှာထည့်သွင်းရပါမယ်။ပထမဆုံး သင်၏ Gmail ကို login လုပ်ပါ။
ပြီလျှင် Gmail window ရဲ့ အပေါ်ညာဘက်ထောင့်မှာ Settings ကိုနှိပ်ပါ။ Gadgets ဆိုတဲ့
sub menu ကိုထပ်သွားပါ။ (Gadgets menu ကိုမတွေ့ပါက Labs menu ကို
အရင်သွားပါ။ ထို့နောက် Labs menu အောက်တွင်ရှိသော Add any gadget by URLကို
Enable လုပ်ပြီး Save changes ကိုနှိပ်ပါ။ Add any gadget by URL က Labs
menu ရဲ့အောက်ဆုံးမှာ ရှိပါတယ်။ ပြီးလျှင် Gadgets menu ကို
Setting menu ရဲ့အောက်မှာ တွေ့ရပါလိမ့်မယ်။) Gadgets menu မှာ Add agadget
by its URL: ဆိုတဲ့ကွပ်လပ်မှာ အောက်ကURL လိပ်စာကို copy ကူးပြီးထည့်ပါ။

ပြီးလျှင် Add ကိုနှိပ်ပါ။ သင့် Gmail
window က reload ပြန်လုပ်ပြီး Facebook Chat window လေးက Gmail
ရဲ့ဘယ်ဘက်side bar မှာပေါ်လာပါလိမ့်မယ်။ သင့် Facebook account နဲ့ log in
လုပ်လိုက်ပါ။ Gmail window မှနေပြီး Facebook Chat Online
တွင်ရှိနေသောသူငယ်ချင်းများနှင့် အလွယ်တကူ Chat နိုင်ပါပြီ။

Gmail window ရဲ့ ဘယ်ဘက် side bar မှာ အခြားgadget window အသေးလေးတွေနဲ့ များပြီး ရှုပ်နေတယ်ဆိုရင် chat window ကိုညာဘက်ကိုရွှေနိုင်ပါတယ်။
သင်လုပ်ရမှာက ပထမဆုံး သင့် Gmail ကို ဝင်ပါ။ ပြီးလျှင် 
ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Setting ကိုသွားပါ။ ပြီးလျှင် Labs menu
ကိုထပ်သွားပါ။ Labs menu ရဲ့ အောက်မှာ Right-side Chat ဆိုတဲ့ နေရာမှာ
Enable ကိုရွေးပါ။ ပြီးလျှင် သင့် key board မှ End key ကိုနှိပ်ပြီး
အောက်ဆုံးကိုသွားလိုက်ပါ။ Save Changes ကိုနှိပ်ပါ။ သင့် Gmail window က
reload ပြန်လုပ်ပြီး သင့် chat window ကသင့် Gmail ရဲ့
ညာဘက်ကိုရောက်သွားတာကိုတွေ့ရပါလိမ့်မယ်။

No comments:

Post a Comment

မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်

လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ

">Index'); document.write('

Blogger Widgets?max-results=10">Label 3

');
    ?max-results="+numposts4+"&orderby=published&alt=json-in-script&callback=showrecentposts5\"><\/script>");
Powered By Blogger

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Sample Text

Pesquisar