Pages

Tuesday, April 15, 2014

Facebook တွင် သူငယ်ချင်း ချစ်ခင်မှု ပွားရန်

Facebook တွင် သူငယ်ချင်း ချစ်ခင်မှု ပွားရန်
လူတိုင်းကတော့ မပြီးပြည့်စုံကြပါဘူး။ အချို့ တွေဆိုရင် အပြင်မှာခင်ရတာနဲ့ Facebook မှာခင်ရတာနဲ့ မတူညီ ကွဲပြားတာတွေ သိသိသာသာ ကိုရှိတတ်ကြ ပါတယ်။ အချို့ ကျတော့ Facebook မှာ သဘောကောင်းပြီး အပြင်မှာ သူမဟုတ်သလို၊ အချို့ ကျ Facebook မှာ အပြောအဆို အပေါက်အလမ်းဆိုးပြီး အပြင်မှာကျ ဘုရား တပည့်တော်လိုလို အစရှိသဖြင့် Real world နဲ့ Virtual world ကွဲပြားမှု များစွာ ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်နေ ပါစေ Facebook မှာတော့ အကောင်းဆုံး သူငယ်ချင်းကောင်း၊ Facebook မိတ်ဆွေကောင်း ဖြစ်ဖို့ ဆောင်ရန် ရှောင်ရန်လေးတွေကို သိသလောက် ရေးသား မျှဝေ ပေးလိုက်ရပါတယ်။

၁။ သူငယ်ချင်းကောင်း ပရိုဖိုင်ပုံကို Like/ Comment ပါ။
ဒါအရေးကြီးပါတယ်။ အပြင်မှာ ဘယ်လောက်ပဲ ခင်ကြတယ် ပြောပြော၊ Facebook ပေါ်မှာတော့ ကိုယ့်အခင်ဆုံး သူငယ်ချင်းကပေးတဲ့ Like လေးတော့လိုချင်ကြတာပဲလေ။ Comment ဆိုရင် အတိုင်းအထက် အလွန်ပေါ့။ သာမန် တင်နေကျ album တွေ၊ Wall photo တွေ၊ Cover photo တွေကတော့ ထားလိုက်တော့။ ကြာကြာနေမှ တစ်ခါပြောင်းခဲတဲ့ Profile picture လေးတော့ Like လုပ်ပေးလိုက်ရင် အော် ဒါဟာ င့ါသူငယ်ချင်းတွေ င့ါကို ဂရုစိုက်နေသေးတာပဲလို့ သူ့ကို ခံစားစေပါတယ်။ ပရိုဖိုင် ပုံမဟုတ်ပဲ အခြား ဓာတ်ပုံတွေ ကိုဆိုရင်လည်း ကြုံရင်ကြုံသလို Like, Comment လေးတွေ ပေးနိုင်တာ အကောင်းဆုံးပါ။
၂။ ၂၀၀၉ က ပုံများ ကို Like/ Comment ရှောင်ပါ
၂၀၀၉ ကိုပဲ မဆိုလိုပါဘူး။ တင်ထားတာ တစ်နှစ်လောက်ကြာပြီဖြစ်တဲ့ ဓာတ်ပုံတွေကို ကိုယ်နဲ့ သူနဲ့ Friend ဖြစ်တာ ကလည်း အတော်ကြာနေပီကို ခုမှ တစ်ရေးနိုးပြီး Like ပေးတာတွေ၊ comment ပေးတာတွေက ရှိတတ် ပါသေးတယ်။ ဒါက အမှန်တော့ သူဘာပဲလုပ်လုပ် မသိခဲ့ဘူးဆိုတဲ့ သဘောသက်ရောက်ပါတယ်။ သူငယ်ချင်းဆိုတာ အပြင်မှာပဲ ဖြစ်ဖြစ်၊ Facebook မှာပဲ ဖြစ်ဖြစ် စကားမပြောဖြစ်ရင်တောင် သူဘာတွေလှုပ်ရှားတယ်၊ တင်တယ်ဆိုတာလေးတော့ အကြမ်းဖျင်း သိသင့်ပါတယ်။ ဒီတော့ အတော်ကြာပြီ ဖြစ်တဲ့ ပုံတွေကို တစ်ရေးနိုး Like, Comment ကို ရှောင်ကြဉ်သင့် ပါတယ်။ ဒါဟာ ဂရုမစိုက်တဲ့ သဘောကိုလဲ ပြပါတယ်။
၃။ Message စာ ခပ်မြန်မြန် ပြန်ပါ
ဘယ်သူ့ကိုပဲ ဖြစ်ဖြစ်ပါ။ Facebook မှာ ခင်လာပြီဆိုရင် Chat ထဲမှာ စကားပြောဖို့ ကြုံတတ်ပါတယ်။ ကိုယ်ကစပြောတာ မဟုတ်ပဲ သူ့ဖက်က စပြောလာရင် ချက်ချင်း တုန့်ပြန်ပြောနိုင်ရပါမယ်။ ချက်ချင်း ဆိုတာ အဲ့ဒါကိုပဲ စောင့်ကြည့်ဖြေခိုင်းတာမျိုးမဟုတ်ပါဘူး။ တစ်ဖက်သားအနေ နဲ့ စောင့်နေတာ မကြာလောက်တဲ့ အချိန် အတိုင်းအတာတစ်ခုအတွင်း ချက်ချင်း တုန့်ပြန်ပြောဆိုပေးသင့်ပါတယ်။ ကိုယ်က ပြောလိုက်ပေမယ့် သူ့ဘက်က ဘာမှပြန်မပြောလာရင် ဒါသူ ဘာအထှာကိုင်တာလဲ ဘာညာနဲ့ထင်စရာရှိ ရှိလာတတ်ပါတယ်။ ကိုယ်က မအားဘူးဆိုရင်လည်း မအားကြောင်း ယဉ်ယဉ်ကျေးကျေး စာတစ်ကြောင်းလောက်ချိန်ပြီး အသိပေး ရန် လိုအပ်ပါတယ်။ ဒါမှ Facebook မှ သူငယ်ချင်းများက ကိုယ့်အတွက် သူအချိန်လေးတော့ ပေးရှာသား၊ စကားလေးတော့ ပြော ရှာသား ဆိုပြီး ခင်မင်မှု မပျက်ယွင်းစေပါတယ်။ တစ်ဖက်က စာပို့လိုက်ပြီး တော်တော်နဲ့ ပြန်မရောက်ရင် နောက်တစ်ခါ စကားပြောဖို့ လည်း ရှောင်သွားတတ်ပြီး သူငယ်ချင်းလျော့တတ်ပါတယ်။
၎။ Facebook ပေါ်တွင်ရန်ဖြစ်ခြင်း ရှောင်ပါ
အရမ်းခင်တဲ့ သူငယ်ချင်းတွေ Facebook ပေါ်မှာ ရန်ဖြစ်နေကြတာ ကြည့်ရ အင်မတန် ဆိုးပါတယ်။ ဘယ်လို အကြောင်းတွေကြောင့်လည်း မသိ Status တွေတင်၊ Comment တွေ ဝင်ကြဲနဲ့ တစ်ယောက်အနာ တစ်ယောက် ဆွနေကြတာ ဘေးလူအမြင်လည်းမကောင်းသလို၊ သူ့အချင်းချင်းတွေလည်း မကောင်းပါဘူး။ အပြင်မှာမဟုတ်ပဲ အွန်လိုင်းမှာ ရန်ဖြစ်တာက စိတ်ထဲမှာ ပိုစွဲကျန်ပြီး မိတ်ဆွေအပေါင်းအသင့် လျော့တတ်ပါတယ်။
၅။ သူငယ်ချင်းအကောင့်မှ ပေါက်ကရ မလုပ်ရ
အချို့ က ဒါကို ပျော်စရာ နောက်စရာ တစ်ခုအနေနဲ့ သတ်မှတ်ပါတယ်။ သို့ပေမ့ယ် ဒါက မလုပ်သင့်တဲ့လုပ်ရပ် တစ်ခုပါ။ သူငယ်ချင်းအကောင့် Log out မလုပ်ပဲ ကျန်နေတာမျိုးကို ဝင်ပြီး ပေါက်ကရ Status တင်တာတွေ၊ ပုံတင်တာတွေ၊ စာပို့တာတွေလုပ်တတ်ကြပါတယ်။ ဒါက လည်းခင်မင်မှုကို ပျက်ယွင်းစေပါတယ်။
၆။ Relationship မှ Single ပြောင်းလဲမှုကို Comment မပေးပါနဲ့
ဒါကလည်း မလုပ်သင့်ပါဘူး။ တစ်ဖက်က အရမ်းခံစားနေရပြီး Relationship ကနေ သို့မဟုတ် အခြား Status တစ်ခုကနေ Single ကို ပြန်ပြောင်းတဲ့အခါ ကွန်းမင့် box ကနေပြီးတော့ ဘာဖြစ်တာလဲ။ ဘာကြောင့်လဲ သွားမေးတာက သူ့အနာကို ဆွတာနဲ့အတူတူပါပဲ။ ဒီတော့ ဒါကိုလည်း ရှောင်သင့်ပါတယ်။
၇။ ပေါက်ကရ သွား မPost ရ
ကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိ “သားရီး။မင်းမနေ့က မူးတာပြေသွားပြီလား” “hey, ယူတို့မနေ့က Night club သွားတယ်ဆို’ ဘာညာနဲ့ ကိုယ်ကတော့ ခင်လို့တင်လိုက်တာ ဖြစ်ပေမယ့် သူ့ဘက်က မြင်မကောင်းတဲ့ သူတွေရှိရင် ပြဿနာကြီးသွားနိုင်ပါတယ်။ ဒီတော့ ပေါက်ကရ သွား Post ဒါကိုလည်းရှောင်သင့်ပါတယ်။
၈။ သိပ်မခင်သူကို Poke ခြင်း မပြုရန်
ကိုယ်နဲ့က ဘယ်လိုမှမသိဘူး။ Mutual Friend လည်းမရှိပဲနဲ့ သွားသွား Poke တာမျိုးတွေ ရှောင်သင့် ပါတယ်။
၉။ လူစိမ်းကို Friend request မလုပ်သင့်
လူစိမ်းဆိုလို့ လူစွမ်းကောင်း Hulk ကိုပြောတာ မဟုတ်ပါဘူး။ ကိုယ်နဲ့ လုံးဝမသိမကျွမ်းတဲ့သူတွေပါ။ သူက Celebrity ဖြစ်နေလို့ Add တယ်ဆိုရင်ထားလိုက်ပါတော့။ ဒါကလက်ခံလို့ရပြီး ခင်နိုင်ပါတယ်။ သာမန်လူအချင်းချင်း ဖြစ်နေပြီး Add ရတဲ့အကြောင်းကို Chat box မှာမေးတော့လည်း အင်းမလုပ်အဲမလုပ် ဆိုရင် ဒါမဟုတ်တော့ပါဘူး။ ဒီတော့ဒီအကျင့်လည်း ရှောင်ရပါမယ်။
၁၀။ သူငယ်ချင်းအတွင်းရေးများ ဖောက်သည်မချရ
ကွယ်ရာပဲ ဖြစ်ဖြစ်၊ Facebook ပေါ်မှာ ပေါ်တင်ပဲ ဖြစ်ဖြစ် သူငယ်ချင်းရဲ့  အားနည်းချက်တွေ၊ အတွင်းရေး တွေ၊ သူမသိစေချင်တာတွေကို Status မှာကော၊ comment မှာကော၊ Chat box မှာကော ဖောက်သည်ချနေရင် ဒါက အင်မတန် ဆိုးရွားတဲ့အမူအကျင့်ပါ။ အဲ့လိုလုပ်ရပ်မျိုးက လုံးဝ (လုံးဝ) ရှောင်ကြင်ဖို့ လိုအပ်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်

လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ

">Index'); document.write('

Blogger Widgets?max-results=10">Label 3

');
    ?max-results="+numposts4+"&orderby=published&alt=json-in-script&callback=showrecentposts5\"><\/script>");
Powered By Blogger

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Sample Text

Pesquisar