ကျွန်တော် English Skill အရမ်းနိမ့်ပါတယ်
(ဟိုးအရင်တုန်းကကို ပြောတာပါ) ။ English Listen Skill ကို English
သီချင်းလေးတွေ နားထောင်ပြီး ကျင့်ပါတယ် သိပ်အဆင်မပြေတော့
စားသားလေးပါတစ်ခါထည်းကြည့်ရရင်ကောင်းမှာပဲ ဆိုပြီး Mp3 သီချင်းစာသားတွေ
လိုက်ရှာတာပေါ့ နောက်တော့ပျင်းလာတယ် ဒါနဲ့ အရုပ်လေးပါ ကြည့်ရရင်ကောင်းမှာပဲ
ဆိုပြီးတော့ Youtube ပေါ်ကိုရောက်လာခဲ့ပါတယ် ။ ခုပြောပြခြင်တာက youtube မှာ
English သီချင်းဖွင့်လိုက်တာနဲက သီချင်းစာသားပါ Auto ပေါ်လာစေမယ့်
နည်းလေးပါပဲ စိတ်ဝင်စားလားတော့မသိဘူး ။ စပြီး ဒီလင့်လေးထဲကို
အရင်သွားကြည့်လိုက်ပါ ။ ပြီးတော့ Add to firefox ဆိုတာကိုနှိပ်
ဘယ်ဘက်အပေါ်ထောင့်နားလေးမှာ Allow ဆိုတာလေး ပေါ်လာရင် နှိပ်လိုက်ပြီး
ခဏစောင့်ပါ Install ဆိုတာ အလည်တည့်တည့်မှာ ပေါ်လာပါလိမ့်မယ် Install
ဆိုတာလေးကို နှိပ်လိုက်ပါ ။ ပြီးသွားရင်တော့ Youtube.com ကနေ English
သီချင်း တစ်ပုဒ် ပုဒ်ကိုဖွင့်ကြည့်လိုက်ပါ ဘာတွေထူးခြားသွားလည်းဆိုတော့
အောက်ကပုံလေး အတိုင်းပေါ်လာပါလိမ့်မယ်
အဆင်ပြေကြမယ်လို့ထင်ပါတယ်ဗျာ အလွယ်မှတ်ဖို့ကတော့
ဒီလင့်လေးထဲကိုအရင်သွား >> Add to firefox >> Allow >> Install အဆင်ပြေပါစေနော်
မျက်စိရှုပ်လို့ ပြန်ဖြုတ်ခြင်တယ်ဆိုရင်တော့ Tools >> Add ons >> Lyrics Here by Rob W ရဲ့ ညာဘက်နားမှာ ယာရီ ခဏဖြုတ်ထားခြင်ရင် Disable ကိုနှိပ် ပြန်လိုခြင်ရင် Enable ကိုနှိပ်လိုက် လုံးဝမလိုခြင်တော့ ဘူးဆိုရင်တော့ Remove ကိုသာ နှိပ်ချလိုက်ပါ ။

No comments:
Post a Comment
မိတ်ဆွေတို.၏ေ၀၀န်ချက်သည်ယခုဆိုဒ်လေး၏အသက်ပင်ဖြစ်ပါသည်
လိုအပ်ချက်လေးများရှိနေပါက ခွင့်လွတ်နားလည်ပေးပါ