Pages
Saturday, July 20, 2013
ချစ်သူသို.(3)
ချစ်သူလေးရေ
မှတ်မိသေးတယ်သိလား တူတူ ကော်ဖီသောက်တာလေးတွေလေ
မှတ်မိသေးတယ် သိလား တူတူရန်ဖြစ်တာလေးတွေလေ
မှတ်မိသေးတယ်သိလား တူတူချက်တင်ဆိုင်မှာတွေ.တာလေ
မှတ်မိသေးတယ်သိလား ကိုယ်က ချစ်တယ်လို့ပြောတဲ့အချိန်ကိုလေ
မှတ်မိသေးတယ် သိလား ကိုယ့်ကို မချစ်ပါနဲ့ လို့ပြောတဲ့အချိန်ကိုလေ
ချစ်သူလေးရေ
မင်းနဲ.ပါတ်သက်ရင် အရာရာ တိုင်းက အမှတ်တရတွေဖြစ်နေပါပြီ
မင်းနဲ.ပါတ်သက်ရင် မင်းပြောတဲ့ စကားလေးတွေကအစ ရင်ထဲမှာ သိမ်းထားတတ်နေပါပြီ
ချစ်သူလေးရေ
လောကကြိးမှာ တခါတလေ မထင်မှတ်တာတွေ ရှိတတ်တယ်လေ
ကိုယ့်အချစ်ကို မယုံမကြည်ဖြစ်နေပြီလား ဒါက သဘာဝပါပဲ
ဒါပေမဲ့ ကိုယ်မင်းကို သိပ်ချစ်တယ် ဒါကြောင့် ဖြစ်ချင်တာထက်
ဖြစ်သင့်တာတွေကို ကိုယ်လုပ်ဆောင်ရတော့မယ်လေ
ချစ်သူလေးရေ
ချစ်တယ်  ဆိုတဲ့စကားလေးတွေကိုတော့မမေ့ပါနဲ့နော်  လေးနက်မှုတွေအများကြီးပါခဲ့လို.ပါ
ချစ်သူလေးရေ
ကိုယ့်ကိုတခုလောက်ကူညီနိုင်မလား ကိုယ့်ကြောင့်စိတ်မညစ်ပါဘူးဆိုတဲ့ ဂတိကိုပေးလို့ရမလား
ကိုယ်လည်း မင်းစိတ်မညစ်အောင် လုပ်သင့်တာတွေ လုပ်ဆောင်သွားမှာပါ
ချစ်သူလေးရေ
အဝေးကနေ ဆိုပေမဲ့ အချစ်တွေက အမြဲရှင်သန်နေမှာပါ
ဒါကြောင့် အချစ်ဆိုတာကို ကိုယ်တို.နှစ်ယောက် အလေးနက်ထားရအောင်နော်
ချစ်သူလေးရေ
 ကိုယ်တို.အတွက် အလွမ်းတွေ မရှိချင်နေပါ သတိရခြင်းတွေကိုတော့
ကိုယ့်တို.နှစ်ယောက်စလုံး မမေ့ကြေးနော်
ချစ်သူသို.(2)
ချစ်သူလေးရေ
ကိုယ်တို.နှစ်ယောက်ကြားမှာ စည်းလေးတွေ ခြားနားခဲ့ပြီနော်
ရှေ.ဆက်တိုးခွင့်မရှိတော့ဘူးဆိုပေမဲ့ နောက်ဆုတ်ဘို့ မစဉ်းစားခဲ့ပါဘူး
ချစ်သူလေးရေ
အချစ်ဆိုတာ ဖန်တီးလုပ်ယူလို့မရသလို တားဆီးလို့လည်းမရပါဘူး
ဒါကြောင့် ကိုယ့်ကို မချစ်ပါနဲ့ဆိုတဲ့စကားတွေအသုံးမပြုပါနဲ.နော်
ချစ်သူလေးရေ
အချိန်တွေက စကားပြောတတ်တယ်တဲ့ ကိုယ်ကြားဖူးတာလေးတွေလေ
ဟုတ်လောက်မှာပါ  ကိုယ်လေ  မင်းကို ချစ်တဲ့အချစ်တွေကို အချိန်လေးတွေသိတယ်
အချိန်က မင်းကိုစကားပြောလာပါလိမ့်မယ် မင်းအတွက်လိုအပ်မဲ့အခါမှာပေါ့
ချစ်သူလေးရေ
မင်းအတွက်ဆိုပြီး အမုန်းတရားတွေဖန်တီးတာမဟုတ်ခဲ့လို.ကိုယ့်ကိုမမုန်းဘူး မို.လား
ဒါဆိုရင် ကိုယ်ချစ်ခဲ့တဲ့အချစ်တွေအတွက် ထိုက်တန်ပါတယ်လို. ကိုယ်ယူဆမိပါတယ်
ချစ်သူလေးရေ
မင်းပျော်ပါစေနော် ချစ်သူနဲ့အဆင်ပြေပါစေ ဘ၀မှာ စိတ်ညစ်စရာတွေ ကင်းဝေးပါစေ
အလုပ်တွေအဆင်ပြေပါစေ စိတ်တွေအမြဲပျော်ရွှင်ပါစေနော်
ကိုယ့်ဆုတောင်းသံတွေ မင်းမကြားနိုင်တဲ့ အဝေးမှာ အမြဲ၇ှိနေမှာပါ
ချစ်သူလေးရေ
စကားတွေအများကြီးပြောချင်တယ် အချစ်တွေ သက်သေပြချင်တယ်
ဘ၀တွေ တူတူကြိုးစားချင်တယ် အချစ်တွေ အတူတူ ရှိချင်ခဲ့တယ်
ကြင်နာမှူတွေ မြင်စေချင်တယ်  ကြိုးစားမှုတွေအသိမှတ်ပြုစေချင်တယ်
ချစ်သူလေးရေ
ကိုယ်တို.ဝေးကြရတော့မယ်သိလား မင်းအတွက် ကိုယ့်ကို ဂရုမစိုက်ပါနဲ့
မင်းရဲ့ချစ်သူနဲ. အဆင်ပြေအောင်ကြိုးစားပါ အားလုံးက အရင်အတိုင်းပြန်ဖြစ်ချင်ဖြစ်နိုင်ပါတယ်
ဒါပေမဲ့ မင်းကို ချစ်တဲ့ ကိုယ့်အချစ်က အရင်ထက် ပိုနေမှာပါ
ချစ်သူလေးရေ
ကိုယ်တို.တွေ ......ကိုယ်တို.တွေ..........ဝေးကြစို.နော်
ချစ်သူသို.(1)
ချစ်သူလေးရယ်
တကယ်တော့ ကိုယ်က ဘာဆို ဘာမှ မဟုတ်ခဲ့ပါဘူး
ဒါပေမဲ့ မင်းကို ချစ်တဲ့  ကိုယ့်ရဲ့အချစ်တွေက တကယ်ကိုဟုတ်ခဲ့ပါတယ်
ချစ်သူလေးရယ်
မင်းနဲ့ပါတ်သက်ရင် ကိုယ်ဟာ အမှားတွေအများကြီး လုပ်ခဲ့တယ်နော်
မင်းရဲ့ချစ်သူနဲ့ ပြတ်စေချင်တဲ့သဘောတွေမပါခဲ့ပါဘူးကွာ
အမှားတွေများနေပေမဲ့ မင်းကိုချစ်တာကတော့ အမှန်ပါပဲ
ချစ်သူလေးရယ်
ကိုယ့်ရဲ့ ခံစားချက်တွေကိုနားထောင်ပေးလို့လည်း ကျေးဇူးတင်ပါတယ်
ကိုယ်က ခံစားတတ်ရုံသက်သက် နဲ့တော့ ချစ်တယ်ဆိုတဲ့စကားလုံးတွေ
အသုံးပြုခဲ့တာ မဟုတ်ပါဘူး  တစ်ဘ၀လုံးစာ အဖြစ်ချစ်ခဲ့တာပါကွာ
ချစ်သူလေးရေ
ကိုယ့်ရဲ့ အချစ်တွေကြောင့် မင်းရဲ့အလုပ်ကို အနှောက်အယှက်ဖြစ်နေပြီလား
မယုံမကြည်တွေ ဖြစ်စေခဲ့ပြီနော် စိတ်ချပါ ကိုယ့်ကြောင့် မင်း စိတ်မညစ်စေရပါဘူး
မင်းကိုပျော်စေချင်တဲ့ဆန္ဒတွေ ငါ့ရင်ထဲမှာ အပြည့်ပါပဲ ကျေးဇူးပြုပြီး   စိတ်မရှုပ်ပါနဲ့
မင်းရဲ့အချစ်ဆုံးလူတစ်ယောက် မဟုတ်ခဲ့ရင်တောင် မင်းကို အချစ်ဆုံးလူအဖြစ် ချစ်နေပါရစေ
ချစ်သူလေးရေ
ဒီစာကို ဖတ်ပြီး စိတ်ညစ်သွားလား  စိတ်ရှုပ်သွားလား  တောင်းပန်ပါတယ်ကွာ
အလုပ်ကိုကြိုးစားပါ ကျမ္မာရေးကို ဂရုစိုက်ပါ အစားကိုပုံမှန်စားပါ စိတ်ကိုပျော်အောင်ထားပါ
အခြားသောစိတ်ညစ်စရာလေးတွေ ရှိခဲ့ရင် ကိုယ့်ကို သတိရပေးပါ
မင်းရဲ့အနားမှာ တစ်ယောက်မှ မရှိတော့တဲ့အခါမှာလည်း ကိုယ့်ကိုသတိရပေးပါ
ချစ်သူလေးရေ
မင်းလေး အတွက် စိတ်ညစ်စရာတွေ ထပ်မပေးချင်ဘူး မင်းကို စိတ်ဆိုးစေတဲ့လူထဲမှာ ကိုယ်မပါချင်ဘူး
မင်းကို စိတ်ဓာတ်ကျအောင် ကိုယ်မလုပ်ခဲ့ပါဘူး ဒါကြောင့် မင်းအတွက် အကောင်းဆုံးလို. ထင်လို.
ကိုယ်လေ ဟိုးးးးးအဝေးဆုံးကို သွားပါတော့မယ်  မင်းမလိုအပ်တဲ့အချိန်ထိပေါ့
မင်းရဲ့အနီးဆုံးမှာလည်း အမြဲရှိနေမှာပါ  မင်းလိုအပ်တဲ့အချိန်မှာပေါ့
ကိုယ်တို. တွေ အဝေးကနေပဲ နေသင့်တယ်လို့ ထင်လို့ ကိုယ်ထွက်သွားပါတော့မယ် ချစ်သူလေးရယ်
wedsite=www.achityor.blogspot.com
Sunday, July 14, 2013
မစဉ်းစားပါနဲံ
အရာရာကိုေ၇ငုံနုတ်ပိတ်  ပြောမထွက်ခဲ့တာ မချစ်လို့မဟုတ်ပါဘူးကွာ
တကယ်တော့ မင်းရဲ့လွဲချော်မှုလေး တွေကိုတောင် အမှားတစ်ခု လို့
မမြင်နိုင်တာ ဘကြောင့်လည်း
တကယ်ဆို  မင်း ခိုင်းသမျှ မငြီးငြူ ပဲ လိုက်လုပ်ပေးနေတာ ဘာကြောင့်လည်း
တကယ်ဆို မင်းစေရာကို အလိုက်တသိနေပေးခဲ့တာ  ဘာကြောင့်လည်း
အချစ်ကို အလေးမထားသူတဲ့လား
မင်းစဉ်းစားကြည့်ပါချစ်သူ  မင်းအတွက် မင်မျက်နှာမငယ်ရအောင် ဖန်တီးပေးချင်တာ
ငါ့ရဲ့ အချစ်စစ်ပါ    တကယ်ဆို ငါက ဘ၀ သမားလေ
မင်းအတွက်အချိန်မပေးတာ မှ မဟုတ်တာ  တိုက်ဆိုင်မှုလေးတွေကို နားလည်ပါ
မင်းကို စိတ်ညစ်အောင်လုပ်ဖူးခဲ့တယ်လို့ မင်းယူဆနေတာလား
ဒါဆို ငါမင်းကို ချစ်ခဲ့တာတွေကို မင်း ပြန်မစဉ်းစားမိစေနဲ့နော်
မင်းအတွက်အချိန်မလောက်မှာစိုးလို့ပါ
တကယ်တော့ မင်းအတွက် ငါ့ရဲ့ ရင်ဘတ်ကြီး တခု လုံးမဟုတ်ပါဘူး
ငါ့ရဲ့ သွေးသားတွေထဲထိ မင်းကိုယ်တိုင်ကိုက ငါ့ရဲ့ အသက်လိုဖြစ်နေတာ မင်းအသိဆုံးပါကွာ
">Index'); document.write('
Blogger Widgets?max-results=10">Label 3
');
    ?max-results="+numposts4+"&orderby=published&alt=json-in-script&callback=showrecentposts5\"><\/script>");
Powered By Blogger
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
Sample Text
Pesquisar